Pages

▼

Pages

▼

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး(၂/၂၀၂၅) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်






ကွာလာလမ်ပူ၊ ဇူလိုင် ၁၆

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၆-၇-၂၀၂၅ ရက်မှ ၁၀-၇-၂၀၂၅ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး(၂/၂၀၂၅) သို့ တက်ရောက်ခဲ့သည်။

 အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ AICHR ကိုယ်စားလှယ် H.E. Edmund Bon Tai Soon က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ/ ခေတ္တကိုယ်စားလှယ်များ၊ AICHR ကိုယ်စားလှယ်များ၏ လက်ထောက်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး  တီမောလက်စ်တေ ကိုယ်စားလှယ်ကလည်း လေ့လာသူအဖြစ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

 အစည်းအဝေးတွင်  AICHR ကိုယ်စားလှယ်များသည် လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင်၊ မသန်စွမ်းသူများ ပါဝင်မှု၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး၊ ဒစ်ဂျစ်တယ် အသွင်ပြောင်းရေး၊ လူ့အခွင့်အရေးနှင့် ရဲတပ်ဖွဲ့၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး၊ လူကုန်ကူးမှုကိစ္စ၊ အွန်လိုင်းလိမ်လည်မှုများ၊ အထူးသဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ပညာသင်ကြားခွင့် စသည့်လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များနှင့် ဘာသာရပ်အလိုက် လေ့လာမှုဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။  

အစည်းအဝေးတွင် အားလုံးပါဝင်၍ ရေရှည်တည်တံ့သည့်  ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ရည်ရွယ်လျက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအခွင့်အရေး မြှင့်တင်ရေးဆိုင်ရာ အဆိုပြု အာဆီယံကြေညာစာတမ်းကိုလည်း ထပ်မံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 AICHR ကိုယ်စားလှယ်များသည် (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကာလအတွင်း ၈-၇-၂၀၂၈ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် AICHR ကိုယ်စားလှယ်များတွေ့ဆုံပွဲသို့လည်း တက်ရောက်ခဲ့သည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် AICHR ၏ ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀)၊ ၂၀၂၆ ခုနှစ်အတွက် AICHR ၏ ဦးစားပေးလုပ်ငန်းအစီအစဉ်နှင့်  ၂၀၂၅ ခုနှစ်အတွက် AICHR ၏ နှစ်စဉ်အစီရင်ခံစာတို့ကို တင်ပြခဲ့ကြသည်။

 AICHR ကိုယ်စားလှယ်များသည် အာဆီယံအတွင်းရေးမှူးချုပ်နှင့် AICHR တို့၏ (၁၄) ကြိမ်မြောက် တွေ့ဆုံပွဲကိုလည်း ကျင်းပခဲ့ပြီး အာဆီယံဒေသတွင်း လူ့အခွင့်အရေး တိုးတက် မြင့်မားစေရန် AICHR မှ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 ယင်းနောက် AICHR ကိုယ်စားလှယ်များသည် AICHR နှင့် ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ထားသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ (၆) ကြိမ်မြောက် အစည်းအဝေး၊ AICHR နှင့် နယူးဇီလန်တို့၏ ပထမအကြိမ်အစည်းအဝေးတို့ကို ၉-၇-၂၀၂၅ ရက်တွင် အသီးသီး ကျင်းပခဲ့ကြရာ အစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများကို အသိပေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် နယ်ပယ်များကို ဆွေးနွေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment