Pages

▼

Pages

▼

မောက်မယ်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းငေါင်းဆိုင်ဟိန်း အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံး


မောက်မယ်၊ ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် (၁၁-၇-၂၀၂၅)ရက်နေ့၊ နံနက် (၉ ၀၀)အချိန်တွင် ၎င်းပိုင်တောင်ယာခြံအတွင်း လုပ်ငန်းများလုပ်ကိုင်နေစဉ် အကြမ်းဖက်သေနတ်သမားမှ လုပ်ကြံပစ်ခတ်ခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်းကြားသိရသည်။

ဦးစိုင်းငေါင်းဆိုင်ဟိန်း အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် USDP မှလည်း မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။

ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် ၂၀၁၀  အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် သုံးကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့သော ပုဂ္ဂိုလ် ဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment