Pages

▼

Pages

▼

ဟင်္သာတမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၂၁၃) ဦး‌ ဖြေဆိုအောင်မြင်




ဟင်္သာတ၊ ဇူလိုင်  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှစ၍ ထုတ်ပြန်ထားပါသည်။ 

ဟင်္သာတမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၂၃၀၈ )ဦးရှိသည့်အနက် (၁၂၁၃)ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ( ၅၂.၅၆% )ရှိခဲ့ပြီး(၆) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၁)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် (၃၀)ဦး ၊ (၁) ဘာသာဂုဏ်ထူးရှင် (၇၄) ဦးရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment