Pages

▼

Pages

▼

မူလလက်ငုတ်လက်ရင်းလယ်မြေကွက် အလွဲသုံးစားရောင်းချမှုအား စိစစ်ပေးနိုင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြခြင်း (အိတ်ဖွင့်ပေးစာ)


တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၉၉-ဂ)၊ ဦးပိုင်အမှတ်(၁၆/၁)မူလပိုင်ရှင်အမည်ပေါက် ဦးရာ၏ လယ်မြေဧရိယာ(၁၈. ၀၀)ဧက အား နေပူကုန်းကျေးရွာနေ အောက်ပါပုဂ္ဂိုလ်များမှ ကောင်းမြန်မာအောင်ကုမ္ပဏီသို့ ၁ ဧက ၈၅၀၀၀၀/-ဖြင့်ရောင်းခဲ့ပါသည်။

(က) ဦးစိန်မြင့် - ၃ ဧက နေပူကုန်း ဥက္ကဌ

(ခ) ဦးမောင်ပု(ခ)ဦးလှမြင့် - ၈ ဧက

(ဂ) ဦးမောင်သိန်း - ၇ဧက

အထက်ဖော်ပြပါ လယ်ဧက ၁၈ ဧကမှာကျွန်မ ဒေါ်အေးဝင်း၏ဖခင် ဦးရာ(ခ)ထွန်းနုမှ ပိုင်ဆိုင်သော လယ်မြေဖြစ်ပါသည်။

ဥက္ကဌ ဦးစိန်မြင့်ပါ ၃ဦးသည် မိမိပိုင်ဆိုင်သည့်မြေမဟုတ်ဘဲ အလွဲသုံးစား ရောင်းချခဲ့မှုအပေါ်  ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများရှင့် ကျွန်မတို့အနေဖြင့် မိဘဘိုးဘွားပိုင် လယ်မြေများကို အခြားတစ်ဦးအား ရောင်းချခြင်း၊ ပေါင်နှံခြင်းမရှိပါ။ သို့ဖြစ်ပါ၍ ကျွန်မတို့၏ လယ်မြေတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော စားနပ် ရိက္ခာဖူလုံရေး၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ကျွန်မတို့ရောင်းချထားခြင်းမရှိပဲ ကျွန်မတို့လယ်မြေပေါ်တွင် လုပ်ငန်းလုပ်ကိုင်နေသူများကို ဖယ်ရှားပေးရန်နှင့် မိမိရာထူးအားကိုးဖြင့် သူများပိုင်လယ်အား အလွဲသုံးစား ရောင်းချခဲ့သည့် ဥက္ကဌ အပါအဝင် (၃)ဦးအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေလိုပါသည်။

ကျွန်မလယ်မြေများကို တရားမဝင်အလွဲသုံးစားရောင်းချခဲ့မှုနှင့် ပတ်သတ်၍ တာဝန်ရှိသူများထံသို့ တင်ပြထားသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိပါသဖြင့် ယခု(ဒုတိယ)အကြိမ် ထပ်မံတိုင်ကြား အပ်ပါသည်။ လူကြီးမင်းများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၇ ကို မျက်ကွယ်ပြုရာ ရောက်သကဲ့ သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၅၆ အရ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် စပ်လျဉ်း၍ ဥပဒေအရအကာအကွယ်ပေးရမည် ဟူသော ပြဌာန်းချက်ကို မျက်ကွယ်ပြုရာရောက်သောကြောင့် ကူညီဖြေရှင်းပေးစေလိုကြောင်း ပန်ကြားအပ်ပါသည်။



ဒေါ်အေးဝင်း

(ဘ)ဦးရာ

၇/တငန(နိုင်)၁၁ဝ၈၃ဝ 

အောင်ချမ်းသာရပ်ကွက်(၃)၊ အင်ဒိုင်းကျေးရွာအုပ်စု 

တောင်ငူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး 

ဝ၉၆၆၉၃၇ဝ၄၁၂

https://t.me/MyanmarNationalPost

No comments:

Post a Comment