Pages

▼

Pages

▼

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၇,၀၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၁၉                                                      

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၁၇ ရက်နေ့ ၀၄၄၅ အချိန် ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာတွင် စိုင်းစီရှဲန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် စိုင်းမွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၅၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇,၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းစီရှဲန်(၄၁)နှစ်နှင့် စိုင်းမွန်း(၃၆)နှစ်တို့အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment