Pages

▼

Pages

▼

မော်လမြိုင်မြို့၊ ကော့စိန်ကျေးရွာတွင် ၁၃ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့သည့် တရားခံ ဖော်ထုတ်ဖမ်းဆီး


မော်လမြိုင်၊ ဇူလိုင် ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့စိန်ကျေးရွာ၊ ကော့စိန်အုပ်စုတွင် အသက် မပြည့်သေးသည့် ၁၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ကာ လည်ပင်းလှီး သတ်ဖြတ်ခဲ့သည် တရာခံအမျိုးသားကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့တွင် သေဆုံးနေသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်၏ အလောင်းကို ရှာတွေ့ခဲ့ပြီး တရားခံဟု ယူဆရသူ နှစ်ဦးကို (ပ) ၄၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၇၆ ဖြင့် ဖမ်းဆီး စစ်ဆေးခဲ့သည်။

ထို့နောက် ဇူလိုင်လ ၁၇ ရက်နေ့တွင် မသင်္ကာ တရားခံ နှစ်ဦးအနက်မှ အသက် ၃၂ နှစ်အရွယ် ရန်နိုင်စိုး (ခ) ကောင်ငယ်သည် ကော့စိန်ကျေးရွာ ဦီးအုန်းထိန် ခြံအတွင်း မိန်းကလေးငယ်ကို သားမယားအဖြစ်ပြုကျင်ပြီး ဓါးနှင့် ခုတ်ပြီး ဝှက်ထားခဲ့သည့်နေရာနှင့် အလောင်းဝှက်ထသည့်နေရာများကို လိုက်လံပြသခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး ရန်နိုင်စိုး(ခ)ကောင်ငယ်ကို ထပ်မံစစ်ဆေးပြီး မော်လမြိုင်မြို့နယ် တရားရုံးတွင် ဖြောင့်ချက်ရယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Crd - YT

https://t.me/MyanmarNationalPost

No comments:

Post a Comment