Pages

▼

Pages

▼

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး က ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ



နေပြည်တော်၊ ဇူလိုင် ၁၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့ အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များကို အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်များမှစ၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော် ကောင်စီနယ်မြေအပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာကျောင်း (၉) ကျောင်း၌ Edutainment အစီအစဉ်များ စတင်ဆောင်ရွက်ခဲ့ပြီး ကော်မရှင်မှ ထုတ်ဝေသည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များတွင် ပြဋ္ဌာန်းထားသည့် သင်ခန်းစာပါ အကြောင်းအရာများကို ရည်ညွှန်းကိုးကား၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


Photo - ACC Myanmar

https://t.me/MyanmarNationalPost

No comments:

Post a Comment