Pages

▼

Pages

▼

အင်းစိန်ဂျီတီအိုင်၌ EV နည်းပညာ အသိပညာပေးဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁

EV နည်းပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (၂/၂၀၂၅) ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ တက်ရောက် အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် EV နည်းပညာ စာအုပ်စာစောင်များကို တာဝန်ရှိသူများ၊ ကျောင်းသားများနှင့် EV သုံးစွဲသည့် ပြည်သူများထံပေးအပ်ပြီး EV အလုပ်ရုံ၌ လက်တွေ့လေ့ကျင့်သည့် စက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် အသိပညာပေးဆွေးနွေးပွဲ စတင်ကျင်းပပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် EV နည်းပညာ အသိပညာပေးဟောပြောမှုများကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တစ်ဦးချင်းဟောပြောမှု၊ အဖွဲ့လိုက်ဆွေးနွေးမှုများနှင့် ဆွေးနွေးမှုရလဒ်များ ပြန်လည်သုံးသပ်မှုများကို ကြည့်ရှုအားပေးပြီး အသိပညာပေးဟောပြောသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များထံ မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment