Pages

▼

Pages

▼

HIV / AIDS နဲ့ ပတ်သက်လာရင် အမေရိကန်မကူလည်း ကျနော်တို့ ဆက်လုပ်နိုင်ပါတယ်လို့ တောင်အာဖရိကဆို


ဇူလိုင် - ၁၄ ( တနင်္လာနေ့ ) 

တောင်အာဖရိက ကျန်းမာရေးဝန်ကြီး အေရွန်မော့ဆိုလီဒီ က ယခုနှစ်အစောပိုင်းတွင် အမေရိကန်သမ္မတရဲ့ အရေးပေါ်အကူအညီပေးရေးအစီအစဉ် (Pepfar) မှ ရန်ပုံငွေ ရုပ်သိမ်းပြီးနောက် တိုင်းပြည်အတွင်း ဦးစားပေးလုပ်ကိုင်နေရတဲ့ HIV/AIDS အစီအစဉ်က “ပြိုပျက်သွားမှာ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။ 

အမျိုးသားဘဏ္ဍာရေးဌာနက ကုသမှုနှင့် သုတေသနလုပ်ငန်းများကို ပံ့ပိုးရန် နောက်ထပ် ပြည်တွင်းသုံးငွေ သန်း ၆၀၀ ကို ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်များနှင့်အတူ အစီအစဉ်ထဲသို့ ၇၅၃ သန်း ထည့်သွင်းသွားမယ်လို့ ကတိပြု ထားပါတယ်။ 

ယခုနှစ်အစောပိုင်းတွင်၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က  ယခင်အစိုးရလက်ထက်ကတည်းက ပေးခဲ့တဲ့  ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကူအညီ ဖြတ်တောက်မှုများ လုပ်ပြီးနောက် Pepfar ရန်ပုံငွေအားလုံးကို ရပ်တန့်မယ်လို့ ကြေငြာခဲ့ပါတယ်။ USAID ၏ ပံ့ပိုးကူညီမှုအား ရုပ်သိမ်းရန် ဆုံးဖြတ်ချက်သည် အထူးသဖြင့် Pepfar မှ ရန်ပုံငွေ ၁၇ % ကို HIV/AIDS တုံ့ပြန်မှု အတွက် အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။ 

ကျန်းမာရေးဌာန၏ 2025/26 ဘတ်ဂျက်ကို ဗုဒ္ဓဟူးနေ့က လွှတ်တော်၌ တင်ပြရာတွင် ဝန်ကြီးက အမျိုးသား ကျန်းမာရေးဌာနရဲ့ အဓိကဦးစားပေး ဦးစားပေး သုံးခုဖြစ်သည့် အမျိုးသားကျန်းမာရေးအာမခံ (NHI) အတွက် ပြင်ဆင်မှုအားကောင်းစေရေး၊ HIV/AIDS နှင့် TB ကဲ့သို့သော အဓိကရောဂါများကို ဖယ်ရှားရေးနှင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတွင် ကာလရှည်ကြာ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်ဆောင်ရွက်နေမှုများကို ဖော်ပြခဲ့ ပါတယ်။ “ကမ္ဘာ့အကြီးဆုံး HIV/AIDS ပရိုဂရမ်ကို ဘယ်တော့မှ ပြိုပျက်သွားအောင် လုပ်ခွင့် ပေးမှာ မဟုတ်ဘူး” လို့ ပါတယ်။ 

ဌာနသည် ရန်ပုံငွေကွာဟချက်ကို ပေါင်းကူးရန် ရှင်းလင်းသော အစီအစဉ်များ ရေးဆွဲထားကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့ပြီး အချိန်မတိုင်မီသေးပေမဲ့ တိကျမှုရှိပါတယ်လို့ ဆိုသွားပါတယ်။ "တောင်အာဖရိကမှာ 'ပြိုကျတယ်' ဆိုတဲ့ စကားလုံးကို တော်တော် သဘောကျပုံရတယ်။ လေပြင်းတိုက်တိုင်း ပြိုကျတယ်လို့ ပြောကြတယ်။ ကျနော်တို့ရဲ့ အစီအစဉ်တွေကို အမျိုးသားဘဏ္ဍာရေးဌာနကို တင်ပြပြီး အကူအညီ တောင်းထားပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်တွင်းမှာရော ကမ္ဘာအနှံ့မှာပါ တခြားသော ငွေကြေးထောက်ပံ့သူ တွေကိုပါ ချဉ်းကပ်ထားတာရှိပါသေးတယ်” လို့ ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment