Pages

Pages

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား Quick Impact Project များ အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးမြှင့်သည့် စာချွန်လွှာ လဲလှယ်ခြင်းနှင့် မြန်မာ-အိန္ဒိယ နယ်နိမိတ်မြေပုံ (၃၆) ချပ် လက်မှတ်ရေးထိုး







နေပြည်တော်၊ ဇူလိုင်လ  ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက် (Quick Impact Project)များ အကောင်အထည်ဖော်ရေး သဘောတူစာချုပ် သက်တမ်းတိုးမြှင့်သည့် စာချွန်လွှာလဲလှယ်ခြင်းနှင့် မြန်မာ-အိန္ဒိယ နယ်နိမိတ်မြေပုံ (၃၆) ချပ်အား နှစ်နိုင်ငံက အခွင့်အာဏာလွှဲအပ်ထားသော ကိုယ်စားလှယ်များအဆင့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ယမန်နေ့ နံနက် ၁၁ ၀၀ နာရီတွင် ကျင်းပခဲ့သည်။ 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ အကောင်အထည်ဖော်ရန်အတွက် အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အား သက်တမ်း တိုးမြှင့်သည့် စာချွန်လွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၏ ရှေ့မှောက်တွင် လဲလှယ်ခဲ့ကြသည်။ 

အဆိုပါစာချွန်လွှာဖြင့် သက်တမ်းတိုးမြှင့်ခြင်းကြောင့် နှစ်နိုင်ငံအကြား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် အကူအညီများ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။ 

ဆက်လက်၍  မြန်မာ-အိန္ဒိယ နယ်နိမိတ်မြေပုံ(၃၆) ချပ်အား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကိုကိုကျော်၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် နယ်နိမိတ်မြေပုံများအား အတည်ပြု လက်မှတ်ရေးထိုးနိုင်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား နယ်နိမိတ်စီမံခန့်ခွဲမှုတွင် ပိုမို ထိရောက်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုကိုလည်း ပိုမိုခိုင်မာအားကောင်းစေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment