Pages

▼

Pages

▼

မိုးကုတ်မြို အရှေ့ပိုင်း ပန်းမထိပ်ရပ်ကွက်ရှိ အကြမ်းဖက် TNLA/MDY-PDF စခန်းကို ဗုံးကြဲရှင်းလင်း





ဇူလိုင် (၁၄)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရပ်ကွက်ရှိ အကြမ်းဖက် TNLA/MDY-PDF စခန်းကို ဇူလိုင်လ (၁၃)ရက် ည (၁၀)နာရီ (၃၀)မိနစ် အချိန်တွင် တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် အကြမ်းဖက် TNLA/MDY-PDF အဖွဲဝင်များ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ယင်းတို စခန်းချနေထိုင်သည့် အဆောက်အအုံလည်း ထိခိုက်ပျက်စီး သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက် နံနက် (၉)နာရီ (၃၅)မိနစ်အချိန်က မိုးကုတ်မြို့ အနောက်ပိုင်းရှိ အကြမ်းဖက် TNLA စခန်းကို တပ်မတော်က ဗုံးကြဲရှင်းလင်းခဲ့ပြီး ဇူလိုင်လ (၉)ရက် ည (၈)နာရီအချိန်ကလည်း မိုးကုတ်မြို အရှေ့ပိုင်းရှိ အကြမ်းဖက် TNLA စခန်းကို ဗုံးကြဲရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment