Pages

▼

Pages

▼

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ မိတ်ဆွေများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ





ပေါက်ခေါင်း၊ ဩဂုတ် ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူး ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊ တိုင်း‌ဒေသကြီးပါတီ‌ ဥက္ကဋ္ဌ ဦး‌အောင်ချိုဦးတို့နှင့်အတူ ၂၀၂၅ ခုနှစ်‌၊ ဩဂုတ်လ ၂၉ ရက်နေ့‌တွင် ပေါက်ခေါင်းမြို့၌ မိတ်ဆွေများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းသည် တက်ရောက်လာကြသူများနှင့် တိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်ပေါ်‌နေသော အခြေအနေများ၊ ဒေသ၏ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ နှင့် ရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်ရေးဆိုင်ရာများအား ပြည်သူလူထု နှင့်လက်တွဲပူးပေါင်းဆောင်ရွက်ရေး ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment