Pages

Pages

ကြံခင်းမြို့မဈေးကြီးအတွင်း အိုင်အိုဒင်းဆား ရောင်းချမှုအရည်အသွေးစစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်လျော့ချခြင်း အသိပညာပေးခြင်းဆောင်ရွက်




ကြံခင်း၊ ဩဂုတ်  ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ အိုင်အိုဒင်းဆားရောင်းချမှု၊ အရည် အသွေးစစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်များလျော့ချသုံးစွဲရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့မဈေးကြီးတွင် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးအတွင်းနှင့် ဈေးပြင်ပရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆားများ အိုင်အိုဒင်း အရည်အသွေးပြည့်မီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အရည်အသွေးပြည့်မီသော ဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလွင့်ဆုံးရှုံးမှု မရှိ စေရေး လုံခြုံစွာဖုံးအုပ် ထုပ်ပိုးရောင်းချရန်နှင့် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန် အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင် မရှိမဖြစ်သော အာဟာရဓာတ် တစ်ခုဖြစ် ကြောင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ကလေးများ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေး လည်ပင်းကြီးရောဂါ ခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်း စသည့် ရောဂါများ ခံစားရနိုင်ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment