Pages

Pages

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဘုံကျော်မဟာစည် သာသနာ့ရိပ်သာကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တဝိစာရ(မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို









ပုသိမ်၊ ဩဂုတ်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၈) နယ်မြေ၊ ကဂေါင်းဘုရားလမ်း၊ ဘုံကျော်မဟာစည်သာသနာ့ ရိပ်သာကြီး၏ ဦးစီးပဓာနနာယက၊ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ် ကြီး၏ ဩဝါဒါစရိယ၊ သက်တော် (၉၁) နှစ်၊ သိက္ခာတော်(၇၁)ဝါ၊ ဘဒ္ဒန္တဝိစာရ(မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) သက်တော်ရှည်မဟာထေရ် ဆရာတော်ဘုရားကြီးသည် ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း (၅) ရက်၊ ဇူလိုင်လ(၂၉ )ရက်၊ အင်္ဂါနေ့၊ နံနက် (၅) နာရီ(၁၅)မိနစ် တွင် ဘဝနတ်ထံစံလွန်တော်မူခဲ့ရာ ၃၁-၇-၂၀၂၅ ရက်နေ့ ညနေပိုင်းက သက်တော်ရှည်မဟာထေရ်ဆရာတော် ဘုရားကြီး ဥတုဇရုပ်ကလာပ်တော်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ဖူးမြော် ကြည်ညိုခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သက်တော် (၉၁) နှစ်၊ သိက္ခာတော် (၇၁) ဝါ၊ ဘဒ္ဒန္တဝိစာရ (မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) သက်တော်ရှည်မဟာထေရ်ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင် ဆရာတော်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး အန္တိမအဂ္ဂိဈာပန သာဓကိဠနပူဇာသဘင် ဆင်ယင်ကျင်းပနိုင်ရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment