Pages

Pages

ပရိယတ္တိသာသနဟိတအသင်းတွင် ဝဋံသကာဘွဲ့ရ ဦးဃောသိတာလင်္ကာရာဘိဝံသအား ဂုဏ်ပြုပွဲပြုလုပ်




ချမ်းအေးသာစံ၊ သြဂုတ် ၅

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ ပရိယတ္တိသာသနဟိတအသင်းတွင် ဝဋံသကာဘွဲ့ရ ဦးဃောသိတာလင်္ကာရာဘိဝံသအား သီးခြားဂုဏ်ပြုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ချုပ်အကျိုးတော်ဆောင်၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ မိုးကောင်းကျောင်းတိုက် ဇယဝတီကျောင်း ဆရာတော် ဘဒ္ဒန္တသုဇာနဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော်  ဘဒ္ဒန္တဝိစိတ္တဘိဝံသ(ဦးဝိရသူ)နှင့်၊ ပရိယတ္တိသာသနဟိတအသင်းမှ အသင်းသားများ တရားနာပရိတ်သတ်များတက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် ဝဋံသကာဘွဲ့ရ ပုဂ္ဂိုလ်အားကွန်းအတွင်းသို့ ပင့်ဆောင်ခြင်း၊ မိုးကောင်းကျောင်းတိုက် ဇယဝတီကျောင်းဆရာတော် ဘဒ္ဒန္တသုဇာနဘိဝံသမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဝဋံသကာဘွဲ့ရ ဆရာတော်အရှင်သူမြတ်အား ရတုပိုဒ်စုံဖြင့် ပူဇော်ခြင်း၊ အဝေရာရာမ ရန်ကင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဩဒါတသိရီဘိဝံသနှင့် မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ တို့မှ ဂုဏ်ပြုစကားမိန့်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ဝဋံသကာဘွဲ့ရ ဦးဃောသိတာလင်္ကာရာဘိဝံသအား ဆုချီးမြှင့်ခြင်း အခမ်းအနားဆက်လက်ပြုလုပ်ခဲ့ရာ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ယာဉ်အမှတ်၊ MDY-12/5I 8053 Toyota Kluger (အဖြူရောင်)ယာဉ်အားလည်းကောင်း၊ ပရိယတ္တိသာသနဟိတအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးလွင်+ ဒေါ်မြင့်မြင့်သန်း(ဇင်ယော်ရိပ်မွန်) မိသားစုမှ အခေါက်ရွှေ တစ်ကျပ်သား ရွှေတံဆိပ်ဆု ၁ ခု၊ ပရိယတ္တိ သာသနဟိတအသင်း အတွင်းရေးမှူး ဦးဇော်ဇော်+ဒေါ်ငြိမ်းငြိမ်းလွင် မိသားစုမှ ရွှေတံဆိပ်ဆု ၁ ခု၊ ဦးသူတော်+ ဒေါ်ခင်ညွန့်(ရွှေမြန်မာထောပတ်)မိသားစုတို့မှ ရွှေတံဆိပ်ဆု ၁ ခုနှင့် ငွေကျပ် ၈၃၀၀၀၀ ကျပ်၊ ဦးလှစိုး+ဒေါ်အောင်(ရေဦး ဝက်အူချောင်း)မိသားစုမှ သိန်း ၁၀၀ ကျပ်၊ မန်းမြန်မာ ဈေချိုမိသားစုမှ ကျပ်သိန်း ၃၀၊ ကျောက်စိမ်းကုန်သည် ပွဲစားကြီးများမှ ကျပ်သိန်း ၂၀၊ Today Sky ကုသိုလ်ပြုအဖွဲ့မှ ကျပ် ၁၀ သိန်း၊ ဦးမြင့်သိန်း မိသားစုမှ ကျပ် ၁၀ သိန်းကျပ်၊ အုတ်သူကြီးများအဖွဲ့မှ ငွေကျပ် ၁၀ သိန်း၊ ဦးအောင်နိုင်ထွန်း+ ဒေါ်စန်စန်းအေး မိသားစုမှ ငွေကျပ် ၅ သိန်း၊ ဦးသိန်းဇော်+ဒေါ်ကြူကြူဝင်း(ရွှေအိမ်စံ ရွှေဆိုင်)မှ ငွေကျပ် သိန်း ၅၀ ၊ စုစုပေါင်း ၂၄၃ သိန်းကျပ်တို့အား ဆပ်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွက်ဆိုကာ အခမ်းအနားပြီးဆုံးခဲ့ကြောင်းနှင့် ဆရာတော်ကြီးများအား နေဆွမ်းဆပ်ကပ်ကာ ဧည့်ပရိတ်သတ်များအား နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


ချမ်းမြေ့မောင်(ချမ်း/စံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment