Pages

▼

Pages

▼

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်

 



ဒဂုံဆိပ်ကမ်း ၊  ဩဂုတ် ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့သော ဆန်နှင့်ဆီများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် (၅၀)ဦးအား တစ်ဦးလျှင် ဧည့်မထဆန်(၁၀)ပြည်နှင့် စားအုန်းဆီ (၂.၇၅)ပိဿာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဖြိုးစန္ဒာ

https://t.me/MyanmarNationalPost

No comments:

Post a Comment