Pages

▼

Pages

▼

ဂျပန်တောင်ပိုင်းမှာ ရေကြီးလို့ ၂ ယောက်သေ ပြီး ပျောက်ဆုံးမှုများ ရှိနေ



ဩဂုတ် - ၁၂ (အင်္ဂါနေ့ ) 

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှီးဂီရူ အီရှီဘာ က ဂျပန်ပြည်သူများအား သတိကြီးစွာထားရန် မနေ့က တိုက်တွန်းခဲ့ပြီး ဂျပန်အစိုးရသည် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အစီအမံများကို အမြန်အကောင်အထည်ဖော်ရန် ကတိပြုထားကြောင်း ပြောကြားခဲ့ပါတယ်။ 

ဂျပန်မိုးလေဝသအေဂျင်စီက ဂျပန်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မုန်တိုင်းကြောင့် ကူမာမိုတို နဲ့ နာဂါဆာကီ စီရင်စုတွေမှာ နေထိုင်သူတွေကို ပြင်းထန်စွာ မိုးရွာသွန်းနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေကတော့ ရရှိထားတဲ့ အရေးပေါ်သတင်းပေးပို့ချက်များစွာကို အခြေပြုပြီး  ပျောက်ဆုံးသူများကို ရှာဖွေနေဆဲဖြစ်ပါတယ်။

မြစ်ရေများ မြင့်တက်လာမှုကြောင့် ကမ်းပါးများပေါ်တွင်နေထိုင်သော နေအိမ်များ နစ်မြုပ်သွားတဲ့အတွက်ကြောင့် အာဏာပိုင်တွေက ဂျပန်နိုင်ငံရဲ့စီရင်စု ၄၇ ခုအနက်မှ သောင်းနှင့်ချီသော လူများကို ဘေးကင်းရာဒေသများသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။  

“ယခုအချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အချို့နေရာများတွင် မြေသားများ လျော့ရဲလာသဖြင့် မြေပြိုခြင်း၊ မြစ်ရေမြင့်တက်ခြင်းနှင့် ရေကြီးရေလျှံခြင်းတို့အတွက် သတိရှိကြပါ” လို့ သတိပေးထားပါတယ်။ 

၂၄ နာရီအတွင်း မိုးရေချိန် ၂ ပေနီးပါး ရွာသွန်းခဲ့သည့် ကူမာမိုတို အပါအဝင် စီရင်စုကိုးခုအတွက် မြေပြိုမှု သတိပေးချက်များ ထုတ်ပြန်ထားပြီး ဂျပန်မိုးလေဝသ အရာရှိတစ်ဦးက "လူများ၏ အသက်အန္တရာယ်ကို အမှန်တကယ် ခြိမ်းခြောက်မှု ရှိနေပါတယ်” လို့ ဆိုပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment