ရွှေတောင်မြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ




ရွှေတောင်၊ သြဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးကျင်းပပြုလုပ်သည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြအေးမှ ထပ်ဆင့်အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်မို့မို့အေး ကသက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေများနှင့်ပတ်သက်ပြီးသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း  သက်ကြီးရွယ်အိုဘိုးဘွားများ၏ လူမှုရေးပင်စင်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ မိမိတို့၏ ရပ်ကွက်နှင့် ကျေးရွာအုပ်စု များရှိ ဘိုးဘွားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးမှုမရှိစေရန်  လုပ်ထုံးလုပ်နည်း အညီ စနစ်တကျ ဆောင်ရွက်ပေးနိုင်ရေးတို့ကိုအကျယ်တဝင့် ဟောပြော ဆွေးနွေးပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသောရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင် များ၊ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)