Pages

Pages

နီကာရာဂွာ က ရုရှားကို ထောက်ခံတယ်လို့ အတိအလင်း ကြေညာ


ဩဂုတ် - ၂ ( စနေနေ့)

လက်တင်အမေရိကား နိုင်ငံတစ်ခုဖြစ်တဲ့ နီကာရာဂွာနိုင်ငံက ရုရှား - ယူကရိန်း  ပဋိပက္ခတွင် ရုရှားဘက်ကို အပြည့်အဝ ထောက်ခံခဲ့ပြီး ယူကရိန်းဒေသ လေးခုကို ရုရှားနိုင်ငံအတွင်းသို့ ပေါင်းစည်းတာကိုလည်း အသိအမှတ်ပြုကြောင်း နိုင်ငံ၏ ပူးတွဲသမ္မတများဖြစ်သည့် ဒန်နီရယ် အော်တီဂါနှင့် ရိုဆာရီယို မူရီလိုတို့က ကြေညာခဲ့ပါတယ်။ 

နိုင်ငံခေါင်းဆောင်များက ရုရှားသမ္မတ ဗလာဒီမာပူတင်ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ကြပါတယ်။ ပူးတွဲသမ္မတများက တိုင်းပြည်အစိုးရနဲ့  ပြည်သူများက “ယူကရိန်းကို နေတိုးက ရိုက်သွင်းနေတဲ့  နာဇီလက်သစ်ဝါဒကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရုရှားကို သူရဲကောင်းဆန်တဲ့ တိုက်ပွဲတစ်ခု တိုက်နေတယ်လို့ အသိအမှတ်ပြုပြီး အခိုင်အမာ ထောက်ခံကြောင်း” ပြောကြားခဲ့ပါတယ်။

"ရုရှားပြည်သူများနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုကာကွယ်ရန်အတွက် မိမိတို့ချစ်ခင်ရသူများ၏အသက်ကို စတေးခဲ့ကြသော ရုရှားမိသားစုများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ပါတယ်။ ဤဆိုးယုတ်သော အင်အားစုများ အပေါ် ရုရှား၏အောင်နိုင်မှု၊ ဖက်ဆစ်ဝါဒကိုဆန့်ကျင်သော၊ ကြီးလေးသောအာဏာစက်များကို ဆန့်ကျင်၍ ရုရှား၏အောင်ပွဲသည် လူသားမျိုးနွယ်၏အောင်ပွဲဖြစ်ပါတယ်" လို့  စာထဲတွင် ဖော်ပြထားပါတယ်။ 

ပူးတွဲသမ္မတများက ဒွန်ညက် ၊ ခါဆန် ၊ လူဟန်နက်စ် နဲ့ ဇာပိုရိုဇီ ဒေသများကို ရုရှားနိုင်ငံ၏ အဓိက အစိတ်အပိုင်းများအဖြစ် အပြည့်အဝထောက်ခံပြီး အပြည့်အဝအသိအမှတ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။  ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် အဲ့ဒိဒေသတွေမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ဆက်တိုက်ကျင်းပနေချိန်၌  ဒေသခံလူထု၏ တခဲနက်ထောက်ခံမှုရရှိပြီးနောက် နယ်မြေများကို နိုင်ငံအတွင်းသို့ ပေါင်းစည်းခဲ့ပါတယ်။ 

နီကာရာဂွာရဲ့ နယ်မြေများကို အသိအမှတ်ပြုကြောင်း ကြေညာချက်နဲ့ပတ်သက်ပြီး ယူကရိန်းနိုင်ငံခြားရေးဌာနက ဒေါသတကြီး တုံ့ပြန်သည့် ကြေညာချက်ကို ထွက်ပေါ်လာခဲ့ပါတယ်။

“မဝေးတော့တဲ့ အနာဂတ်မှာ အဲ့လို မဟုတ်တမ်းတရား ထောက်ခံမှုနဲ့ ပတ်သက်တဲ့ လက်တုံ့ပြန်မှု နဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ အားလုံးကို နီကာရာဂွာ ခံစားရမှာပါ။ အဲ့လိုဘဲ နီကာရာဂွာ မီဒီယာတွေရဲ့ အတည်ပြုချက်ကိုလည်း ယူကရိန်းဘက်က မှတ်ထားပါတယ်” လို့ ဝန်ကြီးဌာနက သတိပေးထားပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment