Pages

Pages

ဟိုင်နန်ပြည်နယ်၊ ဟိုင်ခုံမြို့ရှိ Haikou Integrated Free Trade Zone ၌ မြန်မာကုန်သွယ်ရေးစင်တာ (Myanmar Trade Center) ဖွင့်လှစ်




ပေကျင်း၊ သြဂုတ် ၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ဟိုင်နန်ပြည်နယ်၊ ဟိုင်ခုံမြို့သို့ သွားရောက်ခဲ့ပြီး ဟိုင်ခုံမြူနီစီပယ်ကော်မတီ၊ တရုတ်ကွန်မြူနစ်ပါတီအမြဲတမ်းအဖွဲ့ဝင် ပါတီဒုတိယအတွင်းရေးမှူးနှင့် ဟိုင်ခုံမြို့တော်ဝန် Mr. Ding Hui၊ ဟိုင်ခုံမြူနီစီပယ်အစိုးရ ဒုတိယ မြို့တော်ဝန် Mr. Feng Yong ၊ ဟိုင်ခုံဘက်စုံစီးပွားရေးလွတ်လပ်သောဇုန်ညွှန်ကြားရေးမှူးချုပ် Mr.Yang Yi နှင့် ဟိုင်နန်နိုင်ငံခြား ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများနှင့် ဟိုင်ခုံမြူနီစီပယ်အစိုးရရုံးတွင် ၄-၈-၂၀၂၅ ရက်၊ နံနက် ၉ နာရီ၌ နှစ်ဘက်ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက ဟိုင်နန်ပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့သည့် သမိုင်းကြောင်း၌ အရေးပါသောနေရာတစ်ခုဖြစ်သည့်အတွက် မြန်မာပြည်သူများနှင့် ရင်းနှီးမှုရှိသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ဟိုင်နန်ပြည်နယ်၊ ဟိုင်ခုံမြို့ရှိ Haikou Integrated Free Trade Zone ၌ မြန်မာကုန်သွယ်ရေးစင်တာ (Myanmar Trade Center) ကို ဖွင့်လှစ်နိုင်သည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ ထိုသို့ဖွင့်လှစ်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဟိုင်နန်ပြည်နယ်၊ ဟိုင်ခုံမြို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါစင်တာအနေဖြင့် စိုက်ပျိုးရေး၊ ရေထွက်ပစ္စည်းများနှင့် ကျောက်စိမ်းအပါအဝင် ကျောက်မျက်ရတနာလုပ်ငန်းများနှင့် ပတ်သက်ပြီး နှစ်ဖက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာရင်းနှီးမြှုပ်နှံသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များအား လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါ ကြောင်း၊ မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး အပြည့်အဝ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် မြန်မာသံအမတ်ကြီးသည် ဟိုင်ခုံမြို့ရှိ မြန်မာကုန်သွယ်ရေးစင်တာ (Myanmar Trade Center) ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုများ အဓွန့်ရှည် တည်တံ့ပါစေ ကြောင်းနှင့် အောင်မြင်မှုများ ရရှိပြီး နှစ်နိုင်ငံအပြန်အလှန်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ပါစေကြောင်း ဆုမွန် ကောင်းတောင်းပြီး မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment