Pages

Pages

မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းအပတ်စဉ် (၇)သင်တန်းပို့ချလျက်ရှိ


မြောက်ဥက္ကလာပ၊ ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း အပတ်စဉ် (၇)သင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆုတောင်းပြည့် မယ်လမုစေတီ   သာသနာ့ဗိမာန် သုံးထပ်ဆောင်၌ ဆက်လက်ပို့ချပေးလျက်ရှိသည်။

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက်  (MEVM)  ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို သင်တန်းနည်းပြဆရာများမှ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပ မည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန် အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက  ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေ စသည့်အကြောင်းအရာများကို နည်းပြများက  စာတွေ့လက်တွေ့ စနစ်တကျ ဆက်လက်သင်ကြား ပို့ချ မည် ဖြစ်ကြောင်းသိရသည်။ 

အဆိုပါ သင်တန်းအပတ်စဉ်(၇)ကို ဩဂုတ် ၄ ရက်နေ့မှ  ၅ ရက်နေ့ထိ နှစ်ရက်ကြာ သင်တန်းပို့ချပေး မည်ဖြစ်ပြီးသင်တန်းသား (၁၁၄ ) ဦး တက် ရောက်မည်ဖြစ်ရာ သင်တန်းချိန်မှာ နံနက် (၀၉:၀၀) နာရီမှ ညနေ  (၁၆:၀၀) နာရီ အထိ သင်ကြားပို့ချပေးမည်ဖြစ်‌ကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment