Pages

Pages

ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာချင်းဆက်လမ်းဘေးဝဲယာများ၌ စုပေါင်းသစ်ပင်စိုက်ပျိုး





ပေါင်၊ စက်တင်ဘာ   ၂၂

မွန်ပြည်နယ်၊ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် သဲဖြူကုန်းကျေးရွာအုပ်စုရှိ နတ်စင်ကုန်း-ကန်ဖြူကျေးရွာချင်းဆက်လမ်းဘေးဝဲယာ၌  စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊သဲဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးဝင်းဇော်နှင့်ရပ်မိရပ်ဖများက ယနေ့နံနက်ပိုင်းက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မန်ဂျန်ရှား (၁၀၀)ပင်၊စိန်ပန်း(၁၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၂၀၀)အား စိုက်ပျိုးခဲ့ကြသည်။ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းဖြင့် ၊ရေရှားပါးခြင်းအပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှကာကွယ်နိုင်ရန်ရည်ရွယ်၍ ကျေးရွာချင်းဆက်လမ်းများအား စိုက်ပျိုးခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment