စက်တင်ဘာ - ၁၉ ( သောကြာနေ့ )
ပြင်သစ်နိုင်ငံဘက်ကနေ ဒိုဘာရေလက်ကြားကို ဖြတ်ကာ ယူကေ နိုင်ငံထဲကို လှေစီးပြီးဝင်လာတဲ့ လူတစ်ယောက် ကို ဗြိတိန်လူဝင်မှု ကြီးကြပ်ရေးက ဖမ်းဆီးပြီး ပြင်သစ်နိုင်ငံဘက်ကို ပြန်လည် ပို့ဆောင်လိုက်ပါတယ်။ ဗြိတိန်လူဝင်မှုကြီးကြပ်ရေးက ပြင်သစ်နိုင်ငံနဲ့ပတ်သက်လာရင် တစ်ယောက်ဝင် တစ်ယောက်ထွက် ဆိုတဲ့ သဘောတူညီချက်အရ ပထမဆုံးပြန်ပို့တာပဲ ဖြစ်ပါတယ်။
ပြင်သစ်ကနေ ဝင်လာတဲ့ အိန္ဒိယနိုင်ငံသားကို ဗြိတိန်က ပြင်သစ်လေကြောင်းလိုင်းကနေ ပါရီမြို့ကို ပြန်ပို့လိုက်ပါတယ်။ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ရှာဘာနာမာမွဒ် က အခုလို ဖယ်ရှားလိုက်တာဟာ ကျွန်တော်တို့ရဲ့ နယ်စပ်လုံခြုံရေးအတွက် အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။ "လှေငယ်လေးတွေနဲ့ ဖြတ်ကူးလာတဲ့လူတွေကို မက်ဆေ့ခ်ျပို့ထားပါတယ်။ တကယ်လို့ ခင်ဗျားတို့ ယူကေကို တရားမဝင် ဝင်ရောက်ပါက၊ ခင်ဗျားတို့ကို ဖယ်ရှားဖို့ ကျနော်တို့ ရှာဖွေမှုတွေကို လုပ်မှာပါလို့ ၎င်းက ကြေညာချက်တွင် ဖော်ပြထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ နဲ့ ပြင်သစ်သမ္မတ အမ္မာနျူရယ် မာခရွန် တို့က နှစ်နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို တဦးနဲ့တဦး ဖလှယ်ကြမယ်လို့ ဇူလိုင်လတုန်းက သဘောတူညီခဲ့ကြပါတယ်။
ပြင်သစ်ကနေ ဗြိတိန် ကို ဝင်တဲ့သူ တစ်ဦးဖမ်းမိရင် ပြင်သစ်ကလည်း ဗြိတိန်ကနေ ဝင်လာတဲ့ သူတစ်ဦး ကို အပြန်အလှန်လဲလှယ် ပြန်ပို့ကြမှာ ဖြစ်ပါတယ်။ အဆိုပါ သဘောတူညီချက်သည် သြဂုတ် ၆ ရက်မှာ အသက်ဝင်ခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment