နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


နေပြည်တော်၊ စက်တင်ဘာ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် တက် ရောက်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေနံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နန်နင်းမြို့မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ကွမ်ရှီးဒေသ CPC ပါတီ ဒုတိယအတွင်းရေးမှူး Mr.Wang Weiping ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ၊ တာဝန် ရှိသူများနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် နန်နင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက နေပြည်တော်တပ်မတော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ယမန်နေ့ ညနေပိုင်းကလည်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်နင်း မြို့ရှိ တရုတ်-အာဆီယံ AI နည်းပညာဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာသို့ သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက စင်တာအတွင်းရှိ AI ဖြင့် ပြုလုပ်ထားသည့် CAAIC သမိုင်းကြောင်း Video ၊ Al ၏စွမ်းရည်မြင့်မားလာမှုများ၊ AI ဖြင့် အာဆီယံနိုင်ငံ များအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေမှု၊ AI ဖြင့် လူမှုဆက်ဆံရေး၊ ဆေးဘက်ဆိုင်ရာ ကုသရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများ တွင် အကောင်အထည်ဖော်အသုံးပြုနေမှု၊ AI ဖြင့် Super League ပြိုင်ပွဲနှင့် ဖိုရမ်တွင် အသုံး ပြုခဲ့သည့် ပစ္စည်းများ ၊ တရုတ်-အာဆီယံနှင့် ပတ်သက်သည့် Data Zone၊ လုံခြုံရေးဆိုင်ရာ Service ပေးသည့် Zone တို့ကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က ကြည့်ရှု လေ့လာပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)