ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေး


ရန်ကုန်၊ စက်တင်ဘာ ၂၀

ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မကြာသေးမီက နိုင်ငံတော်အကြီးအကဲသွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံကြီးအချို့မှ နိုင်ငံ့ခေါင်းဆောင်ကြီးများက မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်းနှင့် စောင့်ကြည့်လေ့လာရေးအဖွဲ့များ လွှတ်ပေးမည်ဟု ပြောကြားမှုများ ရှိခဲ့ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မိမိတို့အားလုံးမီဒီယာနည်းလမ်းများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင် ပြည်သူများ လုံခြုံစွာမဲပေးနိုင်ရန်အတွက်လည်း နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သတင်းမီဒီယာသမားများအနေဖြင့် ကျေးလက်နေပြည်သူများထံ သတင်းမှန်များဖြန့်ဝေ၍ အတွေးမှန်၊ အသိမှန်၊ အလုပ်မှန်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ အထူးသဖြင့် လူငယ်များကို အသိပညာဖြန့်ဝေ၍ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးရန်နှင့် လမ်းမှားရောက်နေသည့် လူငယ်များကိုလည်း လမ်းမှန်သို့ရောက်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များက ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ဖလင်ပိဋကတ်တိုက်အတွင်း ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးမဖြတ်နိုင်သည့် မော်ကွန်းရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးနှင့် လိုအပ်သည့် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားကာ ယခင်မော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါမော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံသည် ၁၉၂၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ယခုအခါနှစ် ၁၀၀ ခန့် သက်တမ်းရှိကာ ယခင်က မော်ကွန်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်၊ ထုတ်လုပ်ခြင်း၊ ရုပ်ရှင်ဇာတ်ကားများ ဆင်ဆာကြည့်ရှုခြင်း၊ ရုပ်ရှင်ထူးချွန်ဆုများ စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အဆောက်အအုံဖြစ်သည်။

ယင်းအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးစီးပါက မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)