ဒိန်းမတ်လေယာဉ်ကွင်းတစ်ခုမှာ ဒရုန်းတွေ တွေ့လို့ ပျံသန်းမှုခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒိန်းမတ်လေယာဉ်ကွင်းတစ်ခုမှာ ဒရုန်းတွေ တွေ့လို့ ပျံသန်းမှုခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ရ


စက်တင်ဘာ - ၂၅ ( ကြာသပတေးနေ့ ) 

မနေ့ညက ဒိန်းမတ်နိုင်ငံက အဲဘော့ဂ်လေယာဉ်ကွင်းက လေယာဉ်ပြေးလမ်းတွေပေါ်မှာ ဒရုန်းတွေပျံဝဲနေတာကို တွေ့လိုက်လို့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းပြီး လေဆိပ်ကို ပိတ်ချလိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အချို့ဒရုန်းတွေက ဒိန်းမတ်လေတပ်ပိုင် F – 16 နဲ့ F- 35 တိုက်လေယာဉ်တွေထားတဲ့ ဂိုဒေါင်တွေဘက်မှာ ပျံဝဲသွားခဲ့ပါတယ်။ လေကြောင်း အာဏာပိုင်တွေက ပျံဝဲသွားတဲ့ ဒရုန်းတွေကို အမျိုးအမည် မခွဲခြားနိုင်ခဲ့ပါဘူး။ 

မြောက်ပိုင်း ဂျက်လန် ရဲတပ်ဖွဲ့အဆိုအရ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၉ နာရီ ၄၄ မိနစ်တွင် အဲဘော့ဂ် တွင် မီးလင်းနေတဲ့ ဒရုန်းတွေကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ ဒိန်းမတ်ရဲ့ F-16 တိုက်လေယာဉ်တွေနဲ့  အသစ်ရောက်ရှိလာသော F-35 ဂျက်တိုက်လေယာဉ်များ ရှိရာ ဂိုဒေါင်တွေဘက်ကို ပျံသန်းလာခဲ့တယ်လို့ သိရပါတယ်။ 

ဒရုန်းတွေပျံဝဲနေတာကို လက်နက်ကိုင်တပ်ဖွဲ့တွေက စောင့်ကြည့်ခဲ့ပေမဲ့ ဘယ်လို အမျိုးအစားတွေ ဆိုတာကိုတော့ခွဲခြား မရနိုင်ခဲ့ပါဘူး။ ဘယ်သူတွေလွှတ်တယ် ဆိုတာနဲ့ ဘာရည်ရွယ်ချက်လဲ ဆိုတာကိုတော့ ပြောဖို့ အချိန်မကျသေးပါဘူး။ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒရုန်းတွေကတော့ ကြားဖြတ်တိုက်ခိုက်ခြင်း မခံရဘဲ ပြန်ထွက်သွားပါတယ်။ အဲ့လိုဖြစ်ရပ်က ဒိန်းမတ်က နာမည်ကြီး ကိုပင်ဟေဂင်လေဆိပ်မှာလည်း ဖြစ်ခဲ့လို့ လေဆိပ်ကို ၄ နာရီကြာ ပိတ်ထားခဲ့ရပါတယ်။ အခုထိတရားခံကို ဖော်ထုတ်လို့မရသေးပါဘူး။ 

အဲ့လိုပဲ နော်ဝေနိုင်ငံ အော်စလိုလေဆိပ်မှာလည်း ဒရုန်းတွေ လေယာဉ်ကွင်းထဲကို ပျံသန်းဝင်ရောက်တဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ လေဆိပ်ကို ညတွင်းချင်း ပိတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲ့ဒိနိုင်ငံတွေက ရုရှား ဒရုန်းတွေပါဆိုပြီး ပြစ်တင်ပြောဆိုမှု လုပ်ခဲ့ပေမဲ့ ကိုပင်ဟေဂင်က ရုရှား သံအမတ်ကြီးကတော့ အခြေအမြစ်မရှိဘဲ ရုရှား ကို မစွပ်စွဲဖို့အတွက် သတိပေးထားပါတယ်။ 

ပြီးခဲ့တဲ့အပတ်ကလည်း ဗြိတိန် က ဟီးသရိုလေဆိပ် အပြင် ဘာလင် နဲ့ ဘရက်ဆဲလ် လေဆိပ်တွေရဲ့ ကွန်ပြူတာစနစ် တိုက်ခိုက်ခံခဲ့ရပါတယ်။ သံသယတရားခံတွေကို ဖမ်းမိပေမဲ့ သက်သေမပြနိုင်လို့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ရပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)