Pages

Pages

မြောက်ကိုရီးယားကို ဆွေးနွေးပွဲတွေမှာ ပါလာအောင်တိုက်တွန်းပေးဖို့ တရုတ်ကို တောင်ကိုရီးယား တောင်းဆို


စက်တင်ဘာ - ၁၉

မနေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နဲ့တွေ့ဆုံစဉ်မှာ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး ချိုဟွန်းက မြောက်ကိုရီးယားအား စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ရန်ဖိအားပေးဆောင်ရွက်မှုတွေ လုပ်ပေးဖို့အတွက် တရုတ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ 

၎င်းတို့ ၂ဦးက ဘေဂျင်းမြို့တွင် ၃ နာရီကြာ တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်အရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် အခြားစိုးရိမ်စရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။  အပြန်အလှန်အားဖြင့် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက်ကင်းစင်ရေး နဲ့ ငြိမ်းချမ်းရေးအတွက် သိသိသာသာတိုးတက်မှုဖြစ်စေရန် ဆိုးလ်အစိုးရရဲ့ သန္နိဋ္ဌာန်ကို ချိုက အလေးပေးပြောကြားခဲ့ပြီး မြောက်ကိုးရီးယားနဲ့ တွေ့ဆုံဆွေးနွေးရေးသို့ ပြန်သွားရန် တွန်းအားပေးဖို့ ဘေဂျင်းအစိုးရကို တိုက်တွန်းထားကြောင်းကိုလည်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ် က တုံ့ပြန်ခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ “ရေရှည်တည်တံ့သော ဆက်သွယ်မှု” ကို အဆိုပြုခဲ့ကြောင်းလည်း တောင်ကိုရီးယားဘက်က ဆိုပါတယ်။  

ဒီလအစောပိုင်းက တရုတ်နိုင်ငံမှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့်အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအန်တို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တဲ့နေရာမှာ ကိုရီးယားကျွန်းဆွယ်မှာ နျူ့လက်နက်ကင်းစင်ရေး ကိစ္စ မပါဝင်တဲ့ အတွက်ကြောင့် တရုတ်အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူ့လက်နက်အရေးနဲ့ ပတ်သက်လာရင်လစ်လျူရှူနေတဲ့ ပုံပေါက်နေတဲ့ အတွက်ကြောင့် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြောလိုက်တာပဲ ဖြစ်ပါတယ်။ 


REF: NK News

https://t.me/MyanmarNationalPost

No comments:

Post a Comment