လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည်


 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကိုလေ့လာလိုသည့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လေ့လာလိုသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ၁၆-၉-၂၀၂၅ ရက်နေ့မှစတင်ကာ ၅-၁၂-၂၀၂၅ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း၊

လွှတ်တော်ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရာတွင် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်ကို အမိန့်ကြော်ငြာစာအမှတ် (၆၈/၂၀၂၅) ဖြင့်လည်းကောင်း၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၂၅) ဖြင့်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁၆-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။   အဆိုပါအမိန့်ကြော်ငြာစာများကို   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ Official Website ဖြစ်သည့် www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှု၍ Download ရယူနိုင်ကြောင်း၊

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တိုက်ရိုက်ဖိတ်ကြားစာ ပေးပို့၍သော်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် သံတမန်ဆက်သွယ်မှု ပြုထားသည့် နိုင်ငံခြားသံရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် အမြဲတမ်း ကိုယ်စားလှယ်ရုံးများမှ ကိုယ်စားလှယ်များကိုလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ဖိတ်ကြား၍သော်လည်းကောင်း နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖြစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)