Pages

Pages

အာဖဂန်က လေဆိပ်တစ်ခုကို ပြန်လိုချင်တယ် လို့ ထရမ့်ပြော


စက်တင်ဘာ - ၂၀ ( စနေနေ့ ) 

၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းက အာဖဂန်နစ္စတန် ကနေ အမေရိကန်စစ်တပ်တွေ ထွက်ခွာသွားပြီး တစ်လလောက် အကြာမှာ တာလီဘန်တွေက အာဖဂန်ကို ထိန်းချုပ်လိုက်ပြီး အစိုးရသစ်ဖွဲ့လိုက်ပါတယ်။ အမေရိကန်တွေရဲ့ နှစ်၂၀ နီးပါး အာဖဂန်မှာ အခြေချထားမှုက ပြီးဆုံးသွားသလို ကုလသမဂ္ဂက တင်မြှောက်ထားတဲ့ အာဖဂန် အစိုးရကလည်း ပျက်စီးသွားပါတယ်။ 

မနေ့ကတော့ အိမ်ဖြူတော် ဘဲဥပုံစားပွဲမှာ သမ္မတထရမ့်က သတင်းထောက်တွေနဲ့ စကားပြောရာမှာ အာဖဂန် အရှေ့မြောက်ပိုင်းက လေယာဉ်ကွင်း တစ်ခုကို ပြန်လိုချင်တယ် လို့ ပြောသွားပါတယ်။ လေယာဉ်ကွင်းနာမည်က ဘာဂရမ် လေတပ်အခြေစိုက်စခန်းဖြစ်ပါတယ်။ 

"ကျနော်တို့ လက်မလျှော့လိုက်သင့်ပါဘူးဗျာ။ အဲ့ဒိလေတပ်စခန်းကို ပြန်ရချင်တယ်။ ကျနော်ဗြိတိန်ကိုသွားတုန်းက အာဖဂန်အစိုးရသစ်နဲ့ ညှိနှိုင်းခဲ့ပါသေးတယ်။ ဘာလို့လဲလို့မေးရင်တော့ အဲ့ဒိစခန်းက တရုတ်တွေ နျူကလိယားလက်နက် ထုတ်တဲ့ နေရာနဲ့ တစ်နာရီလောက်ပဲ ဝေးလို့ပေါ့ဗျာ လို့ ကျနော်ဖြေရမှာပဲ။ အဲ့ဒိအကြောင်းကို ဗြိတိန်ဝန်ကြီးချုပ်နဲ့ ကျနော်တို့ ပြောဖြစ်ကြပါတယ်” လို့ ဆိုပါတယ်။ 

အဲ့ဒိ အခြေစိုက်စခန်းကို ဒေသခံတွေ ဝင်ရောက်လုယက်ထားလို့ ပြန့်ကျဲပြီး တစ်စစီဖြစ်နေတဲ့ စစ်လက်နက်ပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ ပြိုပျက်နေတဲ့ အဆောက်အအုံတွေရဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေကို ပြလို့ တွေ့ရပါတယ်။ အဲ့ဒါတွေက အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်ပွဲ ကျဆုံးခြင်း၏ သင်္ကေတများ ဖြစ်လာခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံခြားရေးဌာနမှ အရာရှိ ဇာကာဂျယ်လာလီ က အာဖဂန်နစ္စတန်ပြည်သူများက အမေရိကန်တပ်များ ပြန်လာခြင်းကို ငြင်းပယ်မှာပါ လို့ သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

“အာဖဂန်နစ္စတန်နဲ့ အမေရိကန်တို့ဟာ အချင်းချင်း ထိတွေ့ဆက်ဆံဖို့ လိုအပ်ပြီး အပြန်အလှန် လေးစားမှုကို အခြေခံတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ဆက်ဆံရေးပဲ ရှိသင့်သလို အာဖဂန်နစ္စတန်ရဲ့ ဘယ်နေရာမှာမှ အမေရိကန်တွေရဲ့  စစ်ဘက်ဆိုင်ရာ တည်ရှိမှုကို လက်မခံနိုင်ဘူး” လို့လည်း ရေးတင်ခဲ့ပါတယ်။

အမေရိကန်တွေ ထွက်သွားတော့ ရုရှား ဆောက်ထားတဲ့ လေယာဉ်ကွင်းကတော့ ဆက်ပြီး အလုပ်လုပ်နေပါတယ်။ အမေရိကန်ဘက်က အဲ့ဒိလေယာဉ်ကွင်းတွေကို တရုတ်တွေက သုံးနေတယ်လို့ စွပ်စွဲထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment