ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို ဖမ်းဆီးရမိ



နေပြည်တော်၊ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့ နယ်၊ ရန်ကုန်မြစ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ ရက်တွင် လှည့်ကင်းဆောင်ရွက်စဉ် အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံခန့်) သယ်ဆောင်လာသည့် သမ္ဗာန်စက်လှေတစ်စီးအား ဖမ်းဆီးရမိခဲ့ပြီး စက်လှေဖြင့် သယ်ဆောင်သူများ အပါအဝင် အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သူ ၆ ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်မြစ်အတွင်း လှည့် ကင်းဆောင်ရွက်စဉ် စက်တင်ဘာလ ၁၆ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင်မြို့ နယ်၊ ရန်ကုန်မြစ်၊ မြစ်သုံးဆိုင်ရေပြင်အနီးသို့ အရောက်၌ ခင်မောင်လင်းနှင့် သက်ပိုင်ထူး(ခ) သက်ပိုင်တို့ မောင်းနှင်လာသည့် သမ္ဗန်စက်လှေအား စစ်ဆေးရာ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက် များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တင်ဆောင်ပေးသူ ကျော်စိုးမင်းအား စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေ ရပ်ကွက်၌ လည်းကောင်း၊ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီးအား မွန်းလွဲ ၁ နာရီခန့် တွင် ပုဇွန်တောင်မြို့နယ်နှင့် ဇော်မင်းနိုင်(ခ) ဇော်မင်းလတ်အား ရန်ကင်းမြို့ နယ်တို့၌ လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြစ်၊ မြက်စိမ်းကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ)အကြီးကောင်အား စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒဂုံဆိပ်ကမ်း မြို့နယ်၌ စက်လှေ ၁ စီးနှင့်အတူလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့၊ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိသူများအား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး လက်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)