စက်တင်ဘာ - ၁၂ ( သောကြာနေ့ )
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျက် အက်ဘော့ က အသက် ၂၁ နှစ်အောက် လူငယ်များအား ဆေးခြောက်အခြေခံထုတ်တဲ့ လူသုံးကုန်များ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ရန် အမိန့်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ အက်ဘော့က သူ့ရဲ့ အိတ်စ်ဆိုရှယ်မီဒီယာအကောင့်မှာ "ကလေးများအတွက်ဘေးကင်းရေး၊ အရွယ်ရောက်ပြီးသူများအတွက် လွတ်လပ်ခွင့်" ဆိုပြီး ရေးတင်ခဲ့ပါတယ်။
အသက် ၂၁ နှစ်အောက်လူငယ်များကို ဆေးခြောက် အခြေခံ ထုတ်ကုန်များရောင်းချခြင်းကို တားမြစ်ရန် ပြည်နယ်ကျန်းမာရေးဝန်ဆောင်မှုဌာနနှင့် တက္ကဆက်အရက်အဖျော်ယမကာကော်မရှင်ကို ပြည်နယ်အစိုးရက ညွှန်ကြားထားပြီး လက်လီရောင်းချသူများအား အစိုးရမှထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်ရှိရမှာဖြစ်ပြီး ဝယ်ယူသုံးစွဲသူများကို အသက်ကိုစစ်ဆေးပြီးမှာ ရောင်းရန်ဖြစ်ပါတယ်။ အဲ့ဒိဥပဒေကို မလိုက်နာတဲ့ လက်လီရောင်းချသူများအနေနဲ့ လိုင်စင်ပိတ်သိမ်းမှာ ဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော်မှာ ဆေးခြောက်ဥပဒေနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှု ရှိနေပေမဲ့လည်း ပြည်နယ်အုပ်ချုပ်ရေး မှူးက သူ့ရဲ့ လုပ်ပိုင်ခွင့်ဖြင့် ဗီတိုအာဏါသုံးပြီး အတည်ပြုပြဋ္ဌာန်းလိုက်တာပဲ ဖြစ်ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment