Pages

Pages

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက အစ္စရေးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးအား နှုတ်ခွန်းဆက်တွေ့ဆုံ




တဲလ်အဗီး၊ စက်တင်ဘာ ၂၆

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်သည် အစ္စရေးနိုင်ငံရှိ အာဆီယံနိုင်ငံ သံအမတ်ကြီးများအသင်း နာယက၊ အာရှ-ပစိဖိတ်ဒေသနိုင်ငံ သံအမတ်ကြီးများအသင်း နာယကနှင့် အစ္စရေးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Ly Duc Trung အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်၊ ၁၁၀၀ နာရီအချိန်တွင် တဲလ်အဗီးမြို့ရှိ ဗီယက်နမ်သံရုံးသို့ သွားရောက် နှုတ်ခွန်းဆက် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် သံအမတ်ကြီးများသည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ကာလရှည်ကြာ တည်ရှိခဲ့သည့် နှစ်နိုင်ငံချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ပြည်သူများအကြား ဆက်ဆံရေးကို ပိုမိုအားပေး မြှင့်တင်ရေး တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသိန်းဇော်က မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများ နှင့်ပတ်သက်၍ အသိပေးဆွေးနွေးခဲ့ပြီးနောက် ဗီယက်နမ်သံအမတ်ကြီးထံ မြန်မာ့ရိုးရာအမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment