Pages

▼

Pages

▼

ပိုလန်မှာ ပါလက်စတိုင်းလိုလားသူတွေက အစ္စရေး အဆိုတော်နဲ့ တီးဝိုင်းကို တိုက်ခိုက်


စက်တင်ဘာ - ၂ ( အင်္ဂါနေ့ ) 

တနင်္ဂနွေနေ့က ပိုလန်နိုင်ငံမြို့တော် ဝါဆောမှာ  ပါလက်စတိုင်းလိုလားတဲ့ တက်ကြွလှုပ်ရှားသူတစ်စုက ဂီတဖျော်ဖြေပွဲတစ်ခုကို လာရောက်ပြီး အစ္စရေးအဆိုတော် ဒေဗစ်ဒီအော် ကို ဆေးနီမှုန့်တွေနဲ့ ဖြန်းပတ် တိုက်ခိုက်ခဲ့ပါတယ်။ 

ဂန္ထဝင်သီချင်းများကို ဖျော်ဖြေတဲ့ သံစုံတီးဝိုင်းမှာ ဆုတောင်းမှုဆိုင်ရာသီချင်းများ သီဆိုတဲ့ ဒီအော်ရဲ့ ဖျော်ဖြေမှုကို အနည်းဆုံး တက်ကြွလှုပ်ရှားသူ နှစ်ဦးက နှောင့်ယှက်ချိန်မှာပဲ  အဖြစ်အပျက် စတင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ နေရာမှရလာတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ အဆိုတော်တစ်ဦးကို မှုတ်ဆေးတွေနဲ့ ဖြန်းပတ်ခြင်း သံစုံတီးဝိုင်းရှိ ဒီအော်နဲ့  ဂီတသမားအများအပြားကို မှုတ်ဆေးတွေနဲ့ လိုက်မှုတ်တာတွေ ပါပါတယ်။ 

ပါလက်စတိုင်းအလံကို ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးက စင်မြင့်ပေါ်သို့ တက်လာရန် ကြိုးပမ်းခဲ့ပါတယ်။ ဖျော်ဖြေပွဲလာရောက်သူများနဲ့ လုံခြုံရေးအစောင့်များစွာက သူမအားဆွဲချနိုင်ခဲ့ပြီး  တက်ကြွလှုပ်ရှားသူများနဲ့ လုံခြုံရေး အစောင့်များကြား တိုက်ခိုက်မှုဖြစ်ပွားအပြီးမှာတော့ ရဲတွေရောက်လာပြီး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး ပိုလန်အာဏာပိုင်များက နှုတ်ဆိတ်နေခဲ့ကြပြီး တက်ကြွလှုပ်ရှားသူများကို ဘယ်လိုအရေးယူမယ်ဆိုတဲ့ တရားဥပဒေဆိုင်ရာ အကျိုးဆက်များ ချက်ချင်း မသိရသေးပါဘူး။ အဆိုတော်ကတော့ ဖျော်ဖြေပွဲအပြီးတွင် ၎င်းရဲ့ အင်စတာဂရမ် အကောင့်မှာ ဗီဒီယို မှတ်တမ်းအား တင်ခဲ့ပြီး “အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုရဲ့ ကြောက်မက်ဖွယ်ကောင်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားကြောင်း ပုံစာရေးတင်ခဲ့ပါတယ်။ 

"ကျွန်ုပ်တို့ရဲ့ဖခင်၊ ကျွန်ုပ်တို့ရဲ့ဘုရင်၊ ကမ္ဘာပေါ်တွင် သာယာသောနှစ်တစ်နှစ်ဖြစ်ပါစေလို့ ဆုတောင်းရင်း မျက်လုံးကိုမှိတ်ထားတဲ့အချိန်မှာ ရုတ်တရက် မျက်နှာပေါ် ပက်ခနဲ အရည်တွေ လာစင်ပါတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သွေးနဲ့ဆင်တူတဲ့ အနီရဲရဲတွေကို တွေ့ လိုက်ရပါတယ်။  ဒီအဖြစ်အပျက်ကြောင့် သံစုံတီးဝိုင်းအဖွဲ့ဝင်တွေနဲ့ ပရိသတ်ကို တုန်လှုပ်သွားစေတယ်လို့ ဒီအော် က ပြောပါတယ်။  


REF: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment