(၈၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ရာသီဥတုအပြောင်းအလဲနှင့်ဆက်စပ်၍ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

(၈၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ရာသီဥတုအပြောင်းအလဲနှင့်ဆက်စပ်၍ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေး


နေပြည်တော်၊ စက်တင်ဘာ ၂၂

(၈၄) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ၂၀-၉-၂၀၂၅ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာပညာရှင်များက “ရာသီဥတု အပြောင်းအလဲနှင့်ဆက်စပ်၍ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဦးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနက သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်၍ လွှမ်းခြုံနိုင်သော မျိုးစေ့ထုတ်လုပ်မှု စနစ်ကို ပိုမိုခိုင်မာစွာ တည်ဆောက်ကာ အရည် အသွေးမြင့် မျိုးစေ့များ တောင်သူများလက်ထဲ ရောက်ရှိရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသနှင့် ကိုက်ညီသော မျိုးများ အသုံးပြုနိုင်ရေး၊ ဒေသအလိုက် မျိုးစေ့ဖူလုံရေးအတွက် ဒေသန္တရမျိုးစေ့စနစ် ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် တောင်သူတိုင်း ကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်စေရန် မျိုးစေ့ထုတ်နည်းပညာများ စနစ်တကျမျှဝေပေးပြီး တောင်သူ ကိုယ်တိုင် ပူးပေါင်းပါဝင်သည့် မျိုးစေ့ထုတ်စနစ် ဖွံ့ဖြိုးတိုးတက်လာရေး ဦးတည်ဆောင်ရွက်သွားစေလိုကြောင်း၊ ယခုအခါ မျိုးစေ့ထုတ်ကုမ္ပဏီများ ပေါ်ပေါက်လာသော်လည်း စိုက်ပျိုးဧရိယာအားလုံးအတွက် ဖူလုံရန် လိုအပ်လျက်ရှိကြောင်း၊ ပြည်ပမှ မျိုးစေ့တင်သွင်းအသုံးပြုရခြင်းသည် ရေရှည်အတွက် အဖြေမဟုတ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုမွန်က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဂေဟဗေဒဇုန်များ၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလွန်ကဲသည့် ဖြစ်စဉ်များ၊ ရာသီဥတုပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရန် နည်းလမ်းများ၊ ဒေသအလိုက် မျိုးစေ့ဖူလုံ ရေးဆောင်ရွက်ရန် နည်းလမ်းများ၊ ရာသီဥတုဒဏ်ခံနိုင်သည့် သီးနှံမျိုးများထုတ်လုပ်ခြင်း၊ ဒေသအလိုက် ရာသီဥတုဒဏ်ခံနိုင်သည့်မျိုးများ စိုက်ပျိုးရွေးချယ်ခြင်း၊ ပွားများခြင်း၊ မျိုးစေ့ရှင်သန်နိုင် စွမ်းအားတို့နှင့်ပတ်သက်၍ တင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို အသေးစိတ်ရှင်းလင်းဖြေကြားသည်။

(၈၄) ကြိမ်မြောက်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ ပညာရှင်များ၊ သုတေသီများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူ ၂၁၈ ဦးက zoom point ၁၀၀ ဖြင့် တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)