Pages

Pages

ဥရောပ ခေါင်းဆောင်တွေက ဒရုန်းတားနံရံ တည်ဆောက်ဖို့ တိုင်ပင်ကြပြီ




စက်တင်ဘာ - ၂၇ ( စနေနေ့ ) 

ရုရှားနှင့် အခြားနိုင်ငံများမှ ဒရုန်းတိုက်ခိုက်မှုများကို တားဆီးရန် "ဒရုန်းတံတိုင်း" ကို တည်ဆောက်ဖို့အတွက် ဆွေးနွေးရန်အတွက် သောကြာနေ့မွန်းလွဲပိုင်းက ဗီဒီယို ညီလာခံ တစ်ခုမှာ ဥရောပခေါင်းဆောင်အများအပြား ပါဝင်ခဲ့ကြပါတယ်။ 

မကြာသေးမီရက်ပိုင်းအတွင်းက ဒိန်းမတ်နိုင်ငံက လေတပ်စခန်းတစ်ခုမှာ ဒရုန်း တွေ့ခဲ့ရတာကြောင့် လေဆိပ်ကို ပိတ်ခဲ့ရတာတွေ၊ နော်ဝေ၊ ဖင်လန် နိုင်ငံတွေမှာလည်း အမျိုးအမည်မသိတဲ့ ဒရုန်းတွေက လေယာဉ်ကွင်းတွေ နားမှာ ပေါ်လာတတ်တာဖြစ်လို့ ဒရုန်းတွေကို ကာကွယ်ဖို့ ဒရုန်း တံတိုင်းတည်ဆောက်ရေး အတွက် ဆွေးနွေး ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

ရုရှား ဒရုန်းတွေ ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးကြောင့် ဥရောပအရှေ့ဖျား နိုင်ငံတွေဖြစ်တဲ့ ဖင်လန်၊ အက်တိုးနီးယား၊ လက်ဗီးယား၊ လစ်သူရေးနီးယား နဲ့ ပိုလန် နိုင်ငံတွေမှာ ဒရုန်းတွေကို တားဖို့ အတွက် တံတိုင်းတွေ တည်ဆောက်ဖို့ အကြမ်းဖျဉ်း သဘောတူညီမှုတွေ ရယူခဲ့ပါတယ်။ အဲ့ဒိအတွက် ဥရောပတောင်ပိုင်း နိုင်ငံတွေက ငွေကြေး စိုက်ခံဖို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။ 

ဥရောပ အရှေ့ဖျားနိုင်ငံတွေ ရဲ့ လေပိုင်နက်ကို ဒရုန်းတွေ မဝင်လာအောင် တားဆီးနိုင်ရင် အနောက်ပိုင်း နဲ့ တောင်ပိုင်း နိုင်ငံတွေရဲ့ လေကြောင်းလုံခြုံမှုက အလိုလိုရပြီးသားဖြစ်သွားမှာပါ။ အဲ့ဒိအတွက် ငွေကြေး စိုတ်ထုတ်မှုကို အားလုံး စည်းစည်း လုံးလုံး ရှိသင်တယ်လို့လည်း ပြောသွားပါတယ်။

 

REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment