ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်




နေပြည်တော်၊ စက်တင်ဘာ ၂၁ 

မြန်မာ့တပ်မတော်(ရေ)နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေတပ်)၊ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong ၏ဖိတ်ကြားချက် အရတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့မှထွက်ခွာကာ ချစ်ကြည် ရေးခရီးသွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သော တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်(ရေ) အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(ရေတပ်) ဌာနချုပ်သို့ သွားရောက်ခဲ့ရာ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Cui Yuzhong နှင့်အဆင့်မြင့်အရာရှိကြီးများက နွေးထွေးလှိုက်လှဲစွာကြိုဆို နှုတ်ဆက် ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဒုတိယရေတပ်ဦးစီးချုပ်တို့သည် ရေတပ်ဂုဏ်ပြုတပ်ဖွဲ့၏ကြိုဆိုအလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှု စစ်ဆေးသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဌာနချုပ်ခန်းမတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့သည်။ ယင်းနောက် အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား ပိုမို ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ညပိုင်းတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(ရေတပ်)၊ ဒုတိယ ရေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ဆက်လက်၍ စက်တင်ဘာလ ၁၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ သည် ချင်းတောင်မြို့ North Sea Fleet ရှိ ဖျက်သင်္ဘော Xining သို့သွားရောက်လေ့လာခဲ့ရာစစ်ရေယာဉ်မှူးက အလေးပြုကြိုဆိုကာ လိုက်လံရှင်းလင်းပြသခဲ့သည်။ ၎င်းနောက် North Sea Fleet ဌာနချုပ်သို့ သွားရောက်ခဲ့ရာ North Sea Fleet Commander နှင့် အရာရှိကြီးများက တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့အား North Sea Fleet ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့ပြီး North Sea Fleet ဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြခဲ့သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင် ဘာလ ၁၈ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)၏ Navy Submarine Academy သို့ သွားရောက်လေ့လာခဲ့ရာ Navy Submarine Academy ကျောင်းအုပ်ကြီးက ဂုဏ်ပြု တပ်ဖွဲ့ဖြင့်ကြိုဆိုအလေးပြုခဲ့သည်။ ၎င်းနောက် Academy ၏သမိုင်းကြောင်းနှင့် လေ့ကျင့်သင် ကြားမှုများကို ရှင်းလင်းတင်ပြပြီး ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်၊ Simulator ၊ Trainer များ ကို လှည့်လှည်ကြည့်ရှုခဲ့သည်။ ထို့နောက်ရေတပ်ပြတိုက်သို့သွားရောက်လေ့လာခဲ့ပါသည်။ ထို့ပြင် စက်တင်ဘာလ ၁၉ ရက်တွင်လည်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ Shanghai Hudong-Zhonghua သင်္ဘောကျင်းသို့ သွားရောက် လေ့လာခဲ့ရာ သင်္ဘောကျင်းတာဝန်ရှိသူများမှရှင်းလင်းတင်ပြခဲ့သည်။

တရုတ်နိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် လင်ကွမ်းဘုရားကျောင်း၊ Great Wall အစရှိသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)