စက်တင်ဘာ - ၂၁ ( တနင်္ဂနွေနေ့ )
အင်ဒိုနီးရှား နိုင်ငံက ဒေသအများအပြားတွင် ကျောင်းသားများ အစာအဆိပ်သင့်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် အခမဲ့အာဟာရပြည့်ဝသော အစားအစာ (MBG) အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ရန် အင်ဒိုနီးရှားသမ္မတရုံး ( KSP ) က တောင်းဆိုလိုက်ပါတယ်။
KSP အကြီးအကဲ မိုဟာမက်ကိုဒါရီ က ကျောင်းသားများ၏ ကျန်းမာရေးကို မထိခိုက်စေဘဲ အစိုးရ ရည်မှန်းချက်များ အောင်မြင်အောင်လုပ်ဖို့ သေချာစေမယ့် အစီအစဉ်များ နဲ့ ယန္တရားများကို အဖွဲ့အစည်းဆိုင်ရာ မူဘောင်နှစ်ခုလုံး အားကောင်းဖို့ လိုအပ်ကြောင်း စနေနေ့တွင် အလေးပေးပြောကြားခဲ့ပါတယ်။
"ယန္တရားများ၊ အင်စတီကျူးရှင်းများနှင့် အခြားကဏ္ဍများတွင် တိုးတက်မှုရှိမှဖြစ်မှာပါ။ ကျနော်တို့ အကြောက်ဆုံး က ဝေးလံခေါင်သီတဲ့ ဒေသများတွင် မတော်တဆမှုများဖြစ်လာရင် ကိုင်တွယ်ရတာ ခက်တာပါပဲ။ မြို့ကြီးတွေမှာ ဖြစ်လာရင် ပြဿနာ သိပ်မကြီးပါဘူး။ ဝေးလံခေါင်သီသောဒေသများက မတော်တဆမှုများတွေ က အရမ်း ခက်ခဲပါတယ်” လို့ပြောသွားပါတယ်။ နောက်ဆုံးဖြစ်ရပ်သည် စက်တင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သည့် အနောက်ဂျာဗားပြည်နယ် ဂါရွတ်တွင် ကျောင်းသား ၅၆၉ ဦး ကျောင်းတွေမှာ ကျွေးမွေးတဲ့ အစားအစာ ကနေ အစာအဆိပ်သင့်မှု ဖြစ်ပါတယ်။
REF: ANTARA
https://t.me/MyanmarNationalPost

No comments:
Post a Comment