တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အင်းလေးဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အင်းလေးဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်




ညောင်ရွှေ  ၊ စက်တင်ဘာ ၁၆


တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ကျန်းမာရေးလုပ်ငန်းစီမံချက်အရ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန (တောင် ကြီး)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးတက္ကသိုလ်(တောင်ကြီး)၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးနှင့် ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အထူးကုကွင်းဆင်းကုသမှု အစီအစဉ်ကို စက်တင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ကေလာကျေးရွာ၊ ကေလာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ကွင်းဆင်းကုသမှုအစီအစဉ်တွင် ဆေးပညာဆိုင်ရာလူနာ (၁၇၄) ဦး၊ ကလေးလူနာ (၆၈) ဦး၊ သားဖွားမီးယပ်ရောဂါဆိုင်ရာလူနာ (၁၀) ဦး၊ မျက်စိရောဂါလူနာ (၄၉) ဦး၊ အရေပြားရောဂါ ဆိုင်ရာလူနာ (၂၈) ဦး၊ သွားနှင့်ခံတွင်းရောဂါဆိုင်ရာလူနာ (၂၁) ဦးနှင့် တိုင်းရင်းဆေးဖြင့်ကုသသူ (၁၄၁) ဦး စုစုပေါင်း ဒေသခံပြည်သူ (၄၉၁) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)