ထရမ့်လိုချင်တဲ့ အာဖဂန်က လေတပ်စခန်းကို မပေးနိုင်ဘူးလို့ တာလီဘန်အစိုးရ ငြင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်လိုချင်တဲ့ အာဖဂန်က လေတပ်စခန်းကို မပေးနိုင်ဘူးလို့ တာလီဘန်အစိုးရ ငြင်းဆို



စက်တင်ဘာ - ၂၂ ( တနင်္လာနေ့ ) 

တာလီဘန်အစိုးရက လွန်ခဲ့တဲ့လေးနှစ်က အာဖဂန်နစ္စတန်နိုင်ငံမှ စစ်ရေးဆုတ်ခွာစဉ်အတွင်း အမေရိကန် စစ်တပ်တွေ စွန့်လွှတ်ခဲ့တဲ့ ဘာဂရမ်လေတပ်စခန်းအား ပြန်လည်ရယူချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုမှု နဲ့ ကြိုးပမ်မှုကို ပယ်ချလိုက်ပါတယ်။ 

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်စစ်တပ်တွေ ထွက်ခွာသွားမယ်ဆိုတဲ့ သဘောတူညီချက်ကို ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းမှာ လုပ်ခဲ့ပြီး ဘိုင်ဒန်အစိုးရလက်ထက်မှာ အပြီးတိုင်ဆုတ်ခွာခဲ့တဲ့အတွက် အာဖဂန်နစ္စတန်က တာလီဘန်တွေရဲ့ လက်အောက်ကို ကျရောက်သွားပါတယ်။ 

ပြီးခဲ့တဲ့အပတ်ကတော့ ထရမ့်က တရုတ်နိုင်ငံကိုစောင့်ကြည့်စစ်ဆေးရန်အတွက် အဲ့ဒိလေတပ်စခန်းကို အမေရိကန်ထိန်းချုပ်မှုသို့ ပြန်လည်ပေးအပ်ရန် လူသိရှင်ကြားတောင်းဆိုခဲ့ပေမဲ့ တာလီဘန်အစိုးရက  နိုင်ငံအားလုံး နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ကြိုးပမ်းနေကြောင်း အာဖဂန်နစ္စတန်ရဲ့ လွတ်လပ်ရေးနှင့် နယ်မြေစိုးမိုးရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 

တာလီဘန်အစိုးရ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာဖိုင်ရက်က သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ဒိုဟာသဘောတူညီချက်အရ "အာဖဂန်နစ္စတန်၏ နယ်မြေစိုးမိုးရေး သို့မဟုတ် နိုင်ငံရေးလွတ်လပ်မှုကို ခြိမ်းခြောက်ခြင်း၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်" အမေရိကန်က ကတိပြုခဲ့တာကို သတိရသင့်ပါတယ်။ "သူတို့ရဲ့ ကတိကဝတ်တွေကို သစ္စာစောင့်သိဖို့ လိုအပ်ပါတယ်” လို့ ရေးတင်ခဲ့ပါတယ်။ 

အာဖဂန်နစ္စတန်သို့ ငြိမ်းချမ်းရေးယူဆောင်လာရေး သဘောတူညီချက်အဖြစ် ဒိုဟာသဘောတူညီချက်ကို တာလီဘန်တွေနဲ့ ထရမ့်ရဲ့သမ္မတ ပထမသက်တမ်း အစိုးရကြား၂၀၂၀ ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဆယ်စုနှစ် နှစ်ခုကြာစစ်ပွဲ အဆုံးသတ်ရန်အတွက် အမေရိကန်က အာဖဂန်ကနေ ထွက်ခွါရန် စတင်လုပ်ဆောင်ခဲ့ပါတယ်။ 

"တကယ်လို့ အာဖဂန်နစ္စတန်မှာ တည်ဆောက်ခဲ့တဲ့ ဘာဂရမ် လေတပ်စခန်းကို  ပြန်မပေးဘူးဆိုရင်၊ အမေရိကန် ပြည်ထောင်စု၊ ဆိုးရွားတဲ့ အရာတွေ ဖြစ်လာမှာပါ!!!" လို့ သူ့ရဲ့ ထရုသ် ဆိုရှယ် ပလက်ဖောင်း မှာ ရေးတင်ခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)