ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာစစ်အဖွဲ့များ ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာစစ်အဖွဲ့များ ဖွဲ့စည်း


နေပြည်တော်၊ စက်တင်ဘာ ၂၀

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ရွေးချယ်ရေးအတွက် သင်တန်းသားရွေးချယ်ရေးအဖွဲ့၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၆ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ လျာထားမှုစာရင်း၊ လျှောက်ထားမှုစာရင်း၊ လျှောက်ထားမှုတို့နှင့် စပ်လျဉ်း၍ တက္ကသိုလ်အလိုက် အသေးစိတ်ဆွေးနွေးတင်ပြခြင်း၊ ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာစစ်အဖွဲ့များ ဖွဲ့စည်းခြင်း၊ ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်လူတွေ့နှုတ်ဖြေအမှတ်ပေး "မူ" သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ 

အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)