Pages

Pages

ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး ဆက်လက်ထွက်ခွါ






မော်စကို၊ စက်တင်ဘာ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြိုရှိ အမှတ်(၂) ဘနုကာဘာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး ဆက်လက်ထွက်ခွါသွားကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် - ၂၀၂၅ (World Atomic Week Forum 2025)သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၄-၉-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။

၂၅-၉-၂၀၂၅ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ရှိ Atom Museum ၌ ကျင်းပပြုလုပ်သော “ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ်- ၂၀၂၅ (World Atomic Week forum 2025)” ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့ (From a New Technological Rollout to a New Worldview)” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

ခရီးစဉ်အတွင်း “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ RADISSON COLLECTION ဟိုတယ်၊ Conference Hall ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေစဉ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၅-၉-၂၀၂၅ ရက်နေ့ ညပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည့်အပြင် နျူးကလီးယားကဏ္ဍနှင့် သက်ဆိုင်သူများနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးမှုများ ဆောင်ရွက်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment