Pages

Pages

ထရမ့်နဲ့ အီလွန်မက်စ်တို့ ပြန်ပေါင်းထုတ်ပြီ


စက်တင်ဘာ - ၂၂ ( တနင်္လာနေ့ ) 

အမေရိကန်သမ္မတ ဒေါနယ်ထရမ့် နဲ့ တက်စလာ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် တို့ က အရီဇိုးနားပြည်နယ်၊ ဂလန်းဒေး ရှိ အမျိုးသားရေးဝါဒီ ပြောဟောရေးသမား ချာလီကရစ် ရဲ့ ဈာပနတွင် အတူတကွထိုင်ကာ စကားပြောဆိုနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့ ၂ ယောက် တစ်ယောက်နဲ့ တစ်ယောက် မသင့်မြတ်ဘဲ ကွဲကြ ပြဲကြပြီးနောက် ပထမဆုံးအကြိမ် လူသိရှင်ကြား ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

အီလွန်မက်စ် က သူ့ရဲ့ အိတ်မီဒီယာအကောင့်မှာ ချာလီအတွက်ဆိုပြီး ထရမ့်နဲ့ သူ တွဲရိုက်ထားတဲ့ ပုံကိုတင်ခဲ့သလို အိမ်ဖြူတော်ကလည်း ချာလီအတွက် ဆိုပြီး ၂ ယောက်တွဲ ပုံကို တင်ခဲ့ပါတယ်။ 

ထရမ့်နဲ့ မက်စ် တို့က ငွေကြေးဆိုင်ရာ ဥပဒေမူကြမ်းတစ်ခုနဲ့ ပတ်သက်ပြီး သဘောကွဲကာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ ယခင်က တင်းမာမှုများရှိသော်လည်း အသုဘအခမ်းအနားတွင် ၎င်းတို့၏ ရင်းရင်းနှီးနှီး အပြန်အလှန်ဆက်ဆံမှုသည် တည်ငြိမ်မှုရှိ တယ်လို့ ထင်ကြေးပေးမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ 

လုံခြုံရေးတင်းတင်းကျပ်ကျပ်ဖြင့် ပြည့်ကျပ်နေသော ဘောလုံးကွင်းတစ်ခုတွင် ကျင်းပတဲ့ ကရစ်ရဲ့ ဈာပနအခမ်းအနားကို ၎င်း၏ နက်နဲသောခရစ်ယာန်ယုံကြည်မှုနှင့် နိုင်ငံရေးတက်ကြွမှုကို ချီးကျူးသည့် ရီပတ်ဘလီကန်ခေါင်းဆောင်များကို ဆွဲဆောင်ခဲ့ပါတယ်။ 


REF: Hindustan times

https://t.me/MyanmarNationalPost

No comments:

Post a Comment