မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

 


မိုးညှင်း  ၊ စက်တင်ဘာ ၁၈


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဟဲလုံခေတ်မီစံပြကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူ များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့်ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြရာ ကျေးရွာသူကျေးရွာသားများက အရင်းမပျောက်မတည် ရန်ပုံငွေများဖြင့် ဆောင်ရွက်ထားရှိသည့်လုပ်ငန်းများအား လိုက်လံရှင်းလင်းပြသရာတွင် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ စီမံကိန်းချေးငွေရယူသည့် လုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ရရှိထားသည့် အရင်းမပျောက် မတည်ရန်ပုံငွေနှင့် အတိုးရငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် မြို့နယ်ကျေးလက်ဦးစီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးမှု အပေါ် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလည်း ထပ်မံကြီးကြပ် ဆောင်ရွက်ကြရန်၊ ငွေစာရင်းလည်ပတ်ထိန်းသိမ်းမှု မှတ်တမ်းလယ်ဂျာစာအုပ်များတွင် စနစ်တကျ ရေးသွင်းထားကြရန်၊ စီမံကိန်းရန်ပုံငွေအလွှဲသုံးစားမှုများ မဖြစ်ပေါ်စေရေးနှင့် ကြွေးကျန်ဖြစ်ပေါ်မှု မရှိစေရေး စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဟဲလုံခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်ထိ စီမံကိန်း လုပ်ငန်း(၈)နှစ်တာကာလအတွင်း အရင်းမပျောက် မတည်ရန်ပုံငွေကျပ် သိန်း(၃၀၀)နှင့် အတိုးရငွေကျပ် (၄၈၈) သိန်း စုစုပေါင်း ငွေကျပ်(၇၈၈)သိန်းဖြင့် အောင်မြင်စွာ လည်ပတ်လျက် ရှိကြောင်းနှင့် ယခုဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ကိုင်သူ (၄၈)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၃၇) ဦးနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၂)ဦး စုစုပေါင်း (၈၇)ဦး တို့အတွက် ငွေကျပ်(၅၈၈)သိန်းကို ကျေးရွာနေပြည်သူများ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထုတ်ချေး ထားရှိကြောင်း သိရသည်။


ရွှေမိုးညှင်း


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)