ကမာရွတ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးခံရမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးခံရမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

 



ရန်ကုန်  ၊ စက်တင်ဘာ ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးခံရမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အသင်း၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဖိတ်ကြားထားသောလုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၅၅)ဦးခန့်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး​ တက်ရောက်လာသော သက်ဆိုင်ရာဌာနများမှ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေးသူငယ်များအား ကလေးအလုပ်သမားဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားပေးပြီး တက်ရောက်လာသူများမှ သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် တက်ရာက်လာသူများမှ ကလေးသူငယ်များဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရူခဲ့ကြောင်း သိရသည်။


စိမ်းလဲ့

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)