စက်တင်ဘာ - ၂၄ ( ဗုဒ္ဓဟူးနေ့ )
မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ယူကရိန်းပဋိပက္ခ အတွက် အိန္ဒိယနှင့် တရုတ်တို့က ရုရှားစွမ်းအင်တင်သွင်းမှုမှတစ်ဆင့် ရန်ပုံငွေထောက်ပံ့နေတာပါ လို့ ပြောလိုက်ပါတယ်။
စစ်ပွဲကို ဆက်တိုက်လို့မရအောင် ရုရှားဘဏ္ဍာရေးအပေါ် ဖိအားများ တိုးမြင့်လာစေရန်အတွက် မော်စကို နဲ့ စီးပွားရေးအရ ဆက်ဆံမှုကို ထိန်းသိမ်းထားတဲ့ နိုင်ငံများအပေါ် ဆင့်ပွားပိတ်ဆို့မှုများ ချမှတ်ရန် ထရမ့်က လုပ်ခဲ့ပါတယ်။ ဘေဂျင်း နဲ့ နယူးဒေလီ နှစ်ဖက်စလုံးက အမေရိကန်၏ ချဉ်းကပ်မှုကို လက်မခံနိုင်ဘူး လို့ ပြစ်တင်ရှုတ်ချကြပြီး အမေရိကန်ရဲ့ ဖိအားကို ဆန့်ကျင်ခဲ့ ကြပါတယ်။
"ရုရှားရေနံကို ဆက်လက်ဝယ်ယူခြင်းဖြင့် တရုတ်နှင့် အိန္ဒိယတို့သည် စစ်ပွဲအတွက် အဓိက ငွေကြေးထောက်ပံ့သူများ ဖြစ်နေပါတယ်" လို့ ထရမ့်က ဆိုပါတယ်။ အမေရိကန်သမ္မတကလည်း ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ကို ဆက်လက်တင်သွင်းနေဆဲဖြစ်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံများကိုလည်း ၎င်းတို့က ရုရှားထံမှ စွမ်းအင်ကို ဝယ်ယူပြီး ရုရှား နဲ့ စစ်တိုက်ဖို့လုပ်နေတာက ကိုယ့်ပိုက်ဆံ နဲ့ ကိုယ့်ကို ပြန်တိုက်နေသလို ဖြစ်နေတယ်လို့ လှောင်ပြောင်ခဲ့ပါတယ်။
ဒီလအစောပိုင်းမှာ ထရမ့်က ဥရောပကောင်စီဥက္ကဋ္ဌ ဗွန်ဒါလီယံကို တရုတ်နဲ့ အိန္ဒိယ က သွင်းကုန်တွေကို ၁၀၀ % အခွန်ကောက်ဖို့အတွက် တိုက်တွန်းခဲ့ပေမဲ့ ဗွန်ဒါလီယံ က ဥရောပကိစ္စကို ဥရောပကပဲ ဆုံးဖြတ်မယ်ဆိုပြီး ထရမ့်ရဲ့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment