Pages

Pages

ပေါက်ခေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်




ပေါက်ခေါင်း  ၊ စက်တင်ဘာ ၁၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အစီအစဥ်ဖြင့် ကိုယ်စားလှယ်များမှတဆင့် အိမ်တိုင်ရာရောက် သွားရောက်ပို့ဆောင်ပေးသွားမည်ဖြစ်ရာ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကင်မွန်းခြုံကျေးရွာအုပ်စုမှ အရာတော်ကျေးရွာအုပ်စုအထိ ကျေးရွာ စုစုပေါင်း (၃၁) ရွာမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအတွက် တစ်လလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် နှစ်လစာ (၆၀၀၀၀) ကျပ်ရရှိသူ (၂၂၆) ဦးနှင့် တစ်လစာ (၃၀၀၀၀)ကျပ်ရရှိသူ (၉)ဦး စုစုပေါင်း (၂၃၅)ဦးအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာလ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။


ဖုန်းကျော်ဇင်

https://t.me/MyanmarNationalPost


No comments:

Post a Comment