ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၄
ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ၂၂-၉-၂၀၂၅ ရက်မှ ၂၆−၉−၂၀၂၅ ရက်ထိ၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Malaysia International Trade and Exhibition Centre ၌ ကျင်းပပြုလုပ်သည့် (၅၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံမှ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment