ပေါင်းတည်၌ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲစည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်၌ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲစည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ပြီးစီး




ပေါင်းတည်  ၊ စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၄ ရက်မှ တော်သလင်းလပြည့်နေ့၊ စက်တင်ဘာ ၆ ရက်အထိ ၃ ရက်တိုင် ကျင်းပပြုလုပ်သော ၁၂၈ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို နောက်ဆုံး‌နေ့ တော်သလင်းလပြည့်နေ့ ည ၇ နာရီတွင် ပိတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို နှစ်စဉ်ကျင်းပခဲ့ကြပြီး ရပ်နီးရပ်ဝေးမှ လာရောက်ဖူးမျှော်ကြည်ညိုကြသည့် ရဟန်းရှင်လူပြည်သူများ၊ ပွဲ‌ဈေးတန်းတွင် အနယ်နယ်အရပ်ရပ်မှ ကုန်စည်မျိုးစုံ လာရောက်ရောင်းချသည့် ဈေးသည်များ၊ ဈေးဝယ်သူများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ အပျော်စီးချားရဟတ်များစသည့် ပျော်ပွဲရွင်ပွဲများဖြင့် အထူးစည်ကားလေ့ရှိပြီး မြန်မာနိုင်ငံတဝှန်းထင်ရှားကျော်ကြားသော ပွဲတော်ဖြစ်ကြောင်း သိရသည်။


ပေါင်းတည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)