Pages

Pages

လှေတစ်စင်းတည်းကို လူ ၁၂၅ ယောက်စီးပြီး ယူကေထဲကို ခိုးဝင်


စက်တင်ဘာ - ၃၀ ( အင်္ဂါနေ့ ) 

လူ ၁၂၅ ဦး တင်ဆောင်လာတဲ့ လှေငယ်တစ်စင်းက ပြင်သစ်နိုင်ငံဘက်ကနေ ဗြိတိန်ရေလက်ကြားကို ဖြတ်ကူးခဲ့ပြီး စနေနေ့က ရောက်လာခဲ့ပါတယ်။ အဲ့ဒါက ဗြိတိန်ရေလက်ကြားကို ဖြတ်ပြီး ခိုးဝင်မှုမှာ သင်္ဘောတစ်စင်းတည်းတွင်စီနင်းတဲ့ ခရီးသည်အများဆုံး  စံချိန်ဖြစ်ခဲ့ပါတယ်။ အရင်က အများဆုံး ဖမ်းမိခဲ့တဲ့ စံချိန်မှာ လှေတစ်စီးတည်းမှာ လူ ၁၀၇ ယောက် စီးနင်းခဲ့တာပဲဖြစ်ပြီး ဗြိတိန်မီဒီယာများက “မီဂါဒင်းဂီး” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ 

ဝန်ကြီးချုပ် ကီယာစတာမာ က အဲ့ဒိကိစ္စတွေကို လုပ်နေတဲ့ နောက်ကွယ်မှ လူမှောင်ခိုဂိုဏ်းများကို “ချေမှုန်း” ရန် ကတိပြုထားပေမဲ့လည်း ခိုဝင်တွေက ရှိနေတုန်းပါပဲ။ သူက ခိုးဝင်ကိစ္စတွေကို “လုံးဝလက်မခံနိုင်” ဘူးလို့ဆိုကာ ပြဿနာကိုဖြေရှင်းရန် “ရွေးချယ်စရာအားလုံးကို ရှာဖွေပါ” မယ်လို့လည်း ဆိုပါတယ်။ 

တရားဝင်ကိန်းဂဏန်းများအရ ယခုနှစ်အစပိုင်းမှစတင်ပြီး လူပေါင်း ၃၃၀၀၀ ခန့်သည် ရေလက်ကြားကို ဖြတ်ပြီး  ယူကေသို့  ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်တွင်စတင်ပြီး မှတ်တမ်းများ လုပ်ခဲ့ရာ ၂၀၂၅ က ခိုးဝင် အများဆုံး နှစ်အဖြစ် သက်မှတ်ထားပါတယ်။ 

တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုအပေါ် လူထုမကျေမနပ်ဖြစ်မှုမှာ ဗြိတိန်တွင် သိသိသာသာ ကြီးထွားလာခဲ့ပြီး မဲဆန္ဒရှင်များရဲ့ ထိပ်တန်းစိုးရိမ်မှုတွေထဲမှာ အချက်တစ်ချက် ဖြစ်နေပါတယ်။ လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တာဝန်ဝတ္တရားများကို ချိန်ခွင်လျှာအဖြစ် သတ်မှတ်ကာ တရားမဝင် ရွှေ့ပြောင်း သွားလာမှု လမ်းကြောင်းများကို ထိန်းသိမ်းဖို့ လူမှောင်ခိုကွန်ရက်များကို ပစ်မှတ်ထားရန် တိုက်တွန်းထားမှုတွေ လုပ်ဖို့ အစိုးရကို ဖိအားပေးမှုတွေ လုပ်နေပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment