နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ၂၀၂၅ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ (၆၂)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ၂၀၂၅ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ (၆၂)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော်၊ စက်တင်ဘာ ၁၉

၂၀၂၅ ခုနှစ် ၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၏ (၆၂)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိPark Royal Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးနှင့် သံရုံးမှတာဝန်ရှိသူ များ တက်ရောက်ကြသည်။

အခမ်းအနားကို စတင်ကျင်းပရာ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဆိုင်ရာ ရုပ်သံမှတ်တမ်း Video Clip ကိုဖွင့်လှစ် ပြသသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး ရှရီအဘ်ဟေး တာကူးရ် က အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဆောင်ရွက် လျက်ရှိမှုအခြေအနေများကို ရှင်းလင်းပြောကြား၍ နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က အမှာစကားပြောကြားရာတွင် ၁၉၆၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ခဲ့သည့် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် သက်တမ်းအရှည်ကြာဆုံး နိုင်ငံ တကာစွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များအနက် တစ်ခုဖြစ်ကြောင်း၊ မိတ်ဖက် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ဆောင်ရွက်ခဲ့ ရာတွင် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတိုးတက်လာသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပါသည့် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပါရှိ သည်ကိုလည်း တွေ့ရှိရသောကြောင့် လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေးအတွက် များစွာအထောက်အကူပြုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေး၊ ခရီးသွားလာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုနယ်ပယ် များသာမက နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်စေရေး ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်း။

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် မြန်မာနိုင်ငံ၌ သဘာဝဘေးဒဏ် ထိခိုက်ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခဲ့ခြင်းများအပေါ် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယခုအစီအစဉ်မှ ဖွင့်လှစ်သင်ကြားပေးခဲ့သော သင်တန်းများတွင် တက်ရောက်အောင် မြင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်တက်မြောက်လာသည့် အသိပညာ၊ အတက်ပညာများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာလုပ် ငန်းခွင်များတွင် အထောက်အကူပြု တာဝန်ထမ်းဆောင်လျက်ရှိမည်ဟု ယုံကြည်ပါ ကြောင်း နှင့် ယနေ့အထိမ်းအမှတ် အခမ်းအနား၏ အောင်မြင်မှုကို ဂုဏ်ပြုရင်း နောင်လာမည့်နှစ်များတွင်လည်း အောင်မြင်မှုများ ပိုမိုရရှိပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် သင်တန်းသားဟောင်းများက အတွေ့အကြုံများအား ရှင်းလင်းမျှဝေ ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး ၊ အခမ်းအနားသို့တက်ရောက် လာကြသူများသည် အိန္ဒိယယဉ်ကျေးမှုအကအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်မှုတို့ကို ကြည့်ရှုအားပေးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြကာ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)